မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ မြန်မြန်ဆန်ဆန် အရေးယူရန် အမေရိကန် တိုက်တွန်း

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ မြန်မြန်ဆန်ဆန် အရေးယူရန် အမေရိကန် တိုက်တွန်း
  Photo - Timothy A. Clary/ AFP

ဧပြီ ၁၀

 

မြန်မာ့အရေးအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်မှ မြန်မြန်ဆန်ဆန် အရေးယူရေးအတွက် အမေရိကန်နိုင်ငံက ဧပြီ ၉ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့သည်။

“စစ်တပ်အနေနဲ့ သူတို့ရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေအတွက် ပြန်ပြီး ပေးဆပ်ရမယ်ဆိုတာကို ခံစားသိရှိဖို့ လိုပါပြီ၊ ဒေသ တည်ငြိမ်ရေးနဲ့ ချမ်းသာကြွယ်၀ရေးက အလျင်အမြန် အရေးယူဆောင်ရွက်မှုအပေါ်မှာ မူတည်နေပါတယ်” ဟု ကုလ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးဒ်က လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုကို ပြောခဲ့သည်။

“စစ်တပ်က ကျွန်မတို့တွေရဲ့ ပြစ်တင်ရှုတ်ချမှုတွေကို အရေးမစိုက်ဘဲ လျစ်လျူရှုနေပါတယ်၊ ဒါက လုံခြုံရေးကောင်စီအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်စေပါတယ်” ဟုလည်း သူမက ပြောသည်။

“ဒီတော့ ကောင်စီအနေနဲ့ နောက်ထပ် အပြစ်တင်တဲ့ စာ ထပ်ထုတ်ဦးမှာလား ဒါမှမဟုတ် မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်ဖို့ လုပ်မှာလား” ဟု သူမက ပြောခဲ့သည်။

အလားတူ ကောင်စီ၏ အမြဲတမ်းအဖွဲ့၀င်မဟုတ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အက်စ်တိုးနီးယားကလည်း အဖွဲ့၀င် ၁၅ နိုင်ငံပါ ကောင်စီအနေဖြင့် နိုင်ငံတကာ လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့်အပါအ၀င် မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုများ ပါ၀င်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို စတင် ရေးဆွဲရန် လိုပြီဟု ပြောခဲ့သည်။

 

“ကုလ လုံခြုံရေးကောင်စီက အန္တရာယ်နဲ့ကြုံနေရတဲ့ နိုင်ငံတွေကို ကာကွယ်ဖို့ တရား၀င် လုပ်နိုင်စွမ်း ရှိတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါတယ်၊ ဒီတော့ ဒီ ဆိုးရွားတဲ့ အခြေအနေကို အဆုံးသတ်စေဖို့ နည်းလမ်းမှန်သမျှကို ဖော်ထုတ်အသုံးပြုသွားရပါလိမ့်မယ်” ဟု အက်စ်တိုးနီးယား သံအမတ် စဗန် ဂျာဂျန်ဆန်က ပြောသွားခဲ့သည်။

 

 

 

(Zawgyi)

ျမန္မာ့အေရး ကုလလုံၿခဳံေရးေကာင္စီ ျမန္ျမန္ဆန္ဆန္ အေရးယူရန္ အေမရိကန္ တိုက္တြန္း

 

AFP

ဧၿပီ ၁၀

 

ျမန္မာ့အေရးအေပၚ ကုလသမဂၢ လုံၿခဳံေရးေကာင္စီဘက္မွ ျမန္ျမန္ဆန္ဆန္ အေရးယူေရးအတြက္ အေမရိကန္ႏိုင္ငံက ဧၿပီ ၉ ရက္တြင္ တိုက္တြန္းေတာင္းဆိုခဲ့သည္။

“စစ္တပ္အေနနဲ႔ သူတို႔ရဲ႕ ဆိုး႐ြားတဲ့ လုပ္ရပ္ေတြအတြက္ ျပန္ၿပီး ေပးဆပ္ရမယ္ဆိုတာကို ခံစားသိရွိဖို႔ လိုပါၿပီ၊ ေဒသ တည္ၿငိမ္ေရးနဲ႔ ခ်မ္းသာႂကြယ္၀ေရးက အလ်င္အျမန္ အေရးယူေဆာင္႐ြက္မႈအေပၚမွာ မူတည္ေနပါတယ္” ဟု ကုလ ဆိုင္ရာ အေမရိကန္သံအမတ္ႀကီး လင္ဒါ ေသာမတ္စ္ ဂရင္းဖီးဒ္က လုံၿခဳံေရးေကာင္စီ အစည္းအေဝးတစ္ခုကို ေျပာခဲ့သည္။

“စစ္တပ္က ကြၽန္မတို႔ေတြရဲ႕ ျပစ္တင္ရႈတ္ခ်မႈေတြကို အေရးမစိုက္ဘဲ လ်စ္လ်ဴရႈေနပါတယ္၊ ဒါက လုံၿခဳံေရးေကာင္စီအတြက္ စမ္းသပ္ခ်က္တစ္ခု ျဖစ္ေစပါတယ္” ဟုလည္း သူမက ေျပာသည္။

“ဒီေတာ့ ေကာင္စီအေနနဲ႔ ေနာက္ထပ္ အျပစ္တင္တဲ့ စာ ထပ္ထုတ္ဦးမွာလား ဒါမွမဟုတ္ ျမန္မာျပည္သူေတြရဲ႕ အသက္ေတြကို ကယ္ဖို႔ လုပ္မွာလား” ဟု သူမက ေျပာခဲ့သည္။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly