အာဆီယံ အရပ်ဘက်လူ့အဖွဲ့အစည်းများက မြန်မာ့ဒီမိုကရေစီအတွက် အခိုင်အမာ ထောက်ခံအားပေးကြောင်း ပြသ

အာဆီယံ အရပ်ဘက်လူ့အဖွဲ့အစည်းများက မြန်မာ့ဒီမိုကရေစီအတွက် အခိုင်အမာ ထောက်ခံအားပေးကြောင်း ပြသ
Photo:  jakartaglobe.id

 

အာဆီယံအနေဖြင့် မြန်မာနိုင်ငံရှိ ယိုယွင်းဆိုးရွားလာသည့် အခြေအနေနှင့်ပတ်သက်ပြီး တောင်းဆိုမှုများနှင့် အချိုးညီသော အရေးတကြီး အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်ရလိမ့်မည်ဟု အာဆီယံ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အဖွဲ့၀င် အင်စတီကျူးရှင်းများက ဧပြီ ၈ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးမူ၀ါဒ အဖွဲ့အစည်း၏ ဥက္ကဌ ဒိုင်နို ပက်တီ ဂျယ်လယ်နှင့် အရှေ့တီမော သမ္မတဟောင်း ဟိုဆေး ရာမို့စ် ဟော်တာ တို့ စီစဥ်ကြီးမှူး ဆောင်ရွက်သည့် အရှေ့တောင်အာရှ ပြည်သူအချင်းချင်းအကြား ဒေသဆိုင်ရာ တွေ့ဆုံပွဲတစ်ခုတွင် ထုတ်ပြန်ကြေညာချက်တစ်စောင်နှင့်ပတ်သက်ပြီး သဘောတူညီမှုရရှိရန် အဖွဲ့အစည်း ၂၂၅ ဖွဲ့မှ ကိုယ်စားလှယ်များက အွန်လိုင်းကနေတဆင့် တွေ့ဆုံခဲ့သည်။

မြန်မာပြည်သူများအတွက် အခိုင်အမာ ထောက်ခံသောအားဖြင့် စာနာထောက်ထားမှု အသိစိတ်ကို ထုတ်ဖော်ရန် ပါ၀င်တက်ရောက်သူများ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ “မြန်မာပြည်သူ ပြည်သားတွေ လူသားတွေအနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို အခိုင်အမာ တောင်းဆိုဖို့နဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ နေထိုင်နိုင်ခွင့် ပြန်လည်ရရှိဖို့ ကြိုးပမ်းအားထုတ်ရာမှာ သူတို့ချည်းသက်သက် မဟုတ်ဘဲ မိမိတို့လည်း အတူ ရှိနေကြောင်းကို မိမိတို့ အရှေ့တောင်အာရှ ပြည်သူတွေက အခိုင်အမာ ပြောလိုပါတယ်”

ကြေညာချက်တွင် မြန်မာစစ်တပ်၏ ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့သည့် ၂၀၂၀ နို၀င်ဘာ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို အတည်ပြုထိန်းသိမ်းခဲ့သည်။ ဤအခြေခံအားဖြင့် ရွေးကောက်ခံအစိုးရ၏ ကိုယ်စားလှယ်များဖြစ်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို အာဆီယံအနေဖြင့် အသိအမှတ်ပြုရန် ၎င်းတို့က တိုက်တွန်းခဲ့သည်။

အာဆီယံခေါင်းဆောင်များ စတင်ထားသော အရေးကြီးသောလုပ်ဆောင်မှုများကို အသိအမှတ်ပြုရင်း အချက် ၂၇ ချက်ပါ ကြေညာချက်တွင် အကြမ်းဖက်မှု အဆုံးသတ်စေရန်အလို့ငှာ သက်ဆိုင်သူအားလုံးနှင့် ချိတ်ဆက်ဆက်ဆံရန်အတွက် ကုလ လုံခြုံရေးကောင်စီနှင့် အတိုင်အဖောက်ညီညီ လုပ်ဆောင်ရန်အတွက် အထူးသံတမန်တစ်ဦးနှင့် အာဆီယံအဖွဲ့၀င်များ၏ ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံသို့ စေလွှတ်ရေး အပါအ၀င် အပြုသဘောဆောင်သော လုပ်ဆောင်ချက်တစ်ချို့ လုပ်ဆောင်ရန် အာဆီယံကို တိုက်တွန်းခဲ့သည်။

ဒုတိယအနေဖြင့် အာဏာသိမ်းစစ်အုပ်စုတွင် ပါ၀င်သည့် တစ်ဦးတစ်ယောက်ချင်းစီ၊ ၎င်းတို့၏ မိသားစုများနှင့် ဆက်စပ် စီးပွားရေးလုပ်ငန်းအကျိုးစီးပွားများအပေါ်  အာဆီယံနိုင်ငံအားလုံးမှ စုပေါင်းပြီး ပစ်မှတ်ထား အရေးယူဒဏ်ခတ်ပိတ်ဆို့ရေး ယင်းက တိုက်တွန်းတောင်းဆိုခဲ့သည်။

ယခု ကြေညာချက်မတိုင်ခင်က အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီ ဒိုဒိုက မြန်မာ့အရေးအတွက် အာဆီယံအထူးအစည်းအဝေး ခေါ်ရန် တောင်းဆိုထားခဲ့သည်။ အာဆီယံ ဥက္ကဌဖြစ်သည့် ဘရူနိုင်းနှင့် မလေးရှားသည် ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ အစည်းအ‌ဝေးတစ်ရပ် ကျင်းပရန်အတွက် ပြင်ဆင်ထားရန် ၎င်းတို့၏ သက်ဆိုင်ရာ အရာရှိများကို ညွှန်ကြားထားသည်။ သို့သော် အစည်းအဝေးပြုလုပ်မည့် ရက်ကို ထုတ်‌ပြန်ခြင်း မရှိသေးပေ။

မြန်မာ့အရေးနှင့်စပ်လျင်း၍ အာဆီယံ၏ ဦးဆောင်မှုသည် အခရာကျသည်ဟု နိုင်ငံအများအပြားနှင့် အဓိက နိုင်ငံရေးဆိုင်ရာ ဟောပြောရေးသားသူများအကြား ရှုမြင်သလို အာဆီယံ၏ ဦးဆောင်မှုက အရေးပါအချက်အချာကျသည်ဟု ကုလလုံခြုံရေးကောင်စီကလည်း ရှုမြင်ထားသည်။

အာဆီယံအုပ်စု အဖွဲ့၀င်နိုင်ငံများအကြား သဘောထား ကွဲလွဲမှုက ယနေ့အချိန်အထိ ထိရောက်သော အာဆီယံ ဆောင်ရွက်ချက်တစ်ခုအတွက် အဟန့်အတားဖြစ်ထားစေခဲ့သည်။ အင်ဒိုနီးရှား၊ စင်ကာပူနှင့် မလေးရှားတို့က အကြမ်းဖက်မှုကို အပြင်းအထန် ရှုတ်ချပြစ်တင်ထားချိန် ဖိလစ်ပိုင်နှင့် ထိုင်းတို့က ပိုမို၍ ညင်သာတိုးတိတ်သော ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့ကြသည်။ အခြားနိုင်ငံများကမူ ဆက်လက် နှုတ်ဆိတ်နေခဲ့သည်။

ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံတကာ ပါ၀င်ပတ်သက်သူတစ်ဦးအဖြစ် အာဆီယံ၏ သက်ဆိုင်ဆက်စပ်မှုအတွက် မြန်မာ့အရေးသည် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ယခု ကြေညာချက်တွင် လက်မှတ်ထိုးထားသူများက ရှုမြင်ကြသည်။

“မြန်မာ့အရေးဟာ အာဆီယံ အသိုက်အ၀န်း၊ အာဆီယံ ဗဟိုကျမှုနဲ့ အာဆီယံ ပဋိညာဥ်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်တယ်လို့ မိမိတို့ အရှေ့တောင်အာရှ ပြည်သူတွေက သဘောထားပါတယ်”

ကြား၀င်မစွက်ဖက်ရေး မူနောက်တွင် ပုန်းကွယ်နေရန်မှာ ကျိုးကြောင်းညီညွတ်ခြင်း မရှိတော့ဟု ကိုယ်စားလှယ်များက ပြောသည်။

“အရေးယူလုပ်ဆောင်ခြင်းမရှိတဲ့အပေါ်မှာ ကာကွယ်တဲ့အနေနဲ့ ကြား၀င်မစွက်ဖက်ရေး မူကို တလွဲအသုံးပြုတာတွေကို မိမိတို့အနေနဲ့ သဘောမတူပါဘူး၊ ဒါက အာဆီယံ ပဋိညာဥ်ရဲ့ အနှစ်သာရဆိုလိုရင်းကိုလည်း ထင်ဟပ်စေခြင်း မရှိပါဘူး”

(Zawgyi)

အာဆီယံ အရပ္ဘက္လူ႔အဖြဲ႕အစည္းမ်ားက ျမန္မာ့ဒီမိုကေရစီအတြက္ အခိုင္အမာ ေထာက္ခံအားေပးေၾကာင္း ျပသ

 

မဇၥ်ိမ

 

အာဆီယံအေနျဖင့္ ျမန္မာႏိုင္ငံရွိ ယိုယြင္းဆိုး႐ြားလာသည့္ အေျခအေနႏွင့္ပတ္သက္ၿပီး ေတာင္းဆိုမႈမ်ားႏွင့္ အခ်ိဳးညီေသာ အေရးတႀကီး အေရးယူေဆာင္႐ြက္မႈကို လုပ္ေဆာင္ရလိမ့္မည္ဟု အာဆီယံ အရပ္ဘက္လူ႔အဖြဲ႕အစည္းမ်ားႏွင့္ အဖြဲ႕၀င္ အင္စတီက်ဴးရွင္းမ်ားက ဧၿပီ ၈ ရက္တြင္ ေျပာၾကားခဲ့သည္။

အင္ဒိုနီးရွား ႏိုင္ငံျခားေရးမူ၀ါဒ အဖြဲ႕အစည္း၏ ဥကၠဌ ဒိုင္ႏို ပက္တီ ဂ်ယ္လယ္ႏွင့္ အေရွ႕တီေမာ သမၼတေဟာင္း ဟိုေဆး ရာမို႔စ္ ေဟာ္တာ တို႔ စီစဥ္ႀကီးမႉး ေဆာင္႐ြက္သည့္ အေရွ႕ေတာင္အာရွ ျပည္သူအခ်င္းခ်င္းအၾကား ေဒသဆိုင္ရာ ေတြ႕ဆုံပြဲတစ္ခုတြင္ ထုတ္ျပန္ေၾကညာခ်က္တစ္ေစာင္ႏွင့္ပတ္သက္ၿပီး သေဘာတူညီမႈရရွိရန္ အဖြဲ႕အစည္း ၂၂၅ ဖြဲ႕မွ ကိုယ္စားလွယ္မ်ားက အြန္လိုင္းကေနတဆင့္ ေတြ႕ဆုံခဲ့သည္။

ျမန္မာျပည္သူမ်ားအတြက္ အခိုင္အမာ ေထာက္ခံေသာအားျဖင့္ စာနာေထာက္ထားမႈ အသိစိတ္ကို ထုတ္ေဖာ္ရန္ ပါ၀င္တက္ေရာက္သူမ်ား ေတြ႕ဆုံခဲ့ၾကျခင္း ျဖစ္သည္။ “ျမန္မာျပည္သူ ျပည္သားေတြ လူသားေတြအေနနဲ႔ သူတို႔ရဲ႕ ဂုဏ္သိကၡာကို အခိုင္အမာ ေတာင္းဆိုဖို႔နဲ႔ ၿငိမ္းခ်မ္းတဲ့ ဒီမိုကေရစီႏိုင္ငံတစ္ႏိုင္ငံမွာ ေနထိုင္ႏိုင္ခြင့္ ျပန္လည္ရရွိဖို႔ ႀကိဳးပမ္းအားထုတ္ရာမွာ သူတို႔ခ်ည္းသက္သက္ မဟုတ္ဘဲ မိမိတို႔လည္း အတူ ရွိေနေၾကာင္းကို မိမိတို႔ အေရွ႕ေတာင္အာရွ ျပည္သူေတြက အခိုင္အမာ ေျပာလိုပါတယ္”

ေၾကညာခ်က္တြင္ ျမန္မာစစ္တပ္၏ ေဖေဖၚ၀ါရီ ၁ ရက္ အာဏာသိမ္းမႈကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အႏိုင္ရခဲ့သည့္ ၂၀၂၀ ႏို၀င္ဘာ အေထြေထြေ႐ြးေကာက္ပြဲ ရလဒ္မ်ားကို အတည္ျပဳထိန္းသိမ္းခဲ့သည္။ ဤအေျခခံအားျဖင့္ ေ႐ြးေကာက္ခံအစိုးရ၏ ကိုယ္စားလွယ္မ်ားျဖစ္ေသာ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) ကို အာဆီယံအေနျဖင့္ အသိအမွတ္ျပဳရန္ ၎တို႔က တိုက္တြန္းခဲ့သည္။

အာဆီယံေခါင္းေဆာင္မ်ား စတင္ထားေသာ အေရးႀကီးေသာလုပ္ေဆာင္မႈမ်ားကို အသိအမွတ္ျပဳရင္း အခ်က္ ၂၇ ခ်က္ပါ ေၾကညာခ်က္တြင္ အၾကမ္းဖက္မႈ အဆုံးသတ္ေစရန္အလို႔ငွာ သက္ဆိုင္သူအားလုံးႏွင့္ ခ်ိတ္ဆက္ဆက္ဆံရန္အတြက္ ကုလ လုံၿခဳံေရးေကာင္စီႏွင့္ အတိုင္အေဖာက္ညီညီ လုပ္ေဆာင္ရန္အတြက္ အထူးသံတမန္တစ္ဦးႏွင့္ အာဆီယံအဖြဲ႕၀င္မ်ား၏ ကိုယ္စားလွယ္အဖြဲ႕တစ္ခု ျမန္မာႏိုင္ငံသို႔ ေစလႊတ္ေရး အပါအ၀င္ အျပဳသေဘာေဆာင္ေသာ လုပ္ေဆာင္ခ်က္တစ္ခ်ိဳ႕ လုပ္ေဆာင္ရန္ အာဆီယံကို တိုက္တြန္းခဲ့သည္။

ဒုတိယအေနျဖင့္ အာဏာသိမ္းစစ္အုပ္စုတြင္ ပါ၀င္သည့္ တစ္ဦးတစ္ေယာက္ခ်င္းစီ၊ ၎တို႔၏ မိသားစုမ်ားႏွင့္ ဆက္စပ္ စီးပြားေရးလုပ္ငန္းအက်ိဳးစီးပြားမ်ားအေပၚ  အာဆီယံႏိုင္ငံအားလုံးမွ စုေပါင္းၿပီး ပစ္မွတ္ထား အေရးယူဒဏ္ခတ္ပိတ္ဆို႔ေရး ယင္းက တိုက္တြန္းေတာင္းဆိုခဲ့သည္။

ယခု ေၾကညာခ်က္မတိုင္ခင္က အင္ဒိုနီးရွားသမၼတ ဂ်ိဳကို၀ီ ဒိုဒိုက ျမန္မာ့အေရးအတြက္ အာဆီယံအထူးအစည္းအေဝး ေခၚရန္ ေတာင္းဆိုထားခဲ့သည္။ အာဆီယံ ဥကၠဌျဖစ္သည့္ ဘ႐ူႏိုင္းႏွင့္ မေလးရွားသည္ ဂ်ကာတာရွိ အာဆီယံအတြင္းေရးမႉးခ်ဳပ္႐ုံး၌ အစည္းအ‌ေဝးတစ္ရပ္ က်င္းပရန္အတြက္ ျပင္ဆင္ထားရန္ ၎တို႔၏ သက္ဆိုင္ရာ အရာရွိမ်ားကို ၫႊန္ၾကားထားသည္။ သို႔ေသာ္ အစည္းအေဝးျပဳလုပ္မည့္ ရက္ကို ထုတ္‌ျပန္ျခင္း မရွိေသးေပ။

ျမန္မာ့အေရးႏွင့္စပ္လ်င္း၍ အာဆီယံ၏ ဦးေဆာင္မႈသည္ အခရာက်သည္ဟု ႏိုင္ငံအမ်ားအျပားႏွင့္ အဓိက ႏိုင္ငံေရးဆိုင္ရာ ေဟာေျပာေရးသားသူမ်ားအၾကား ရႈျမင္သလို အာဆီယံ၏ ဦးေဆာင္မႈက အေရးပါအခ်က္အခ်ာက်သည္ဟု ကုလလုံၿခဳံေရးေကာင္စီကလည္း ရႈျမင္ထားသည္။

အာဆီယံအုပ္စု အဖြဲ႕၀င္ႏိုင္ငံမ်ားအၾကား သေဘာထား ကြဲလြဲမႈက ယေန႔အခ်ိန္အထိ ထိေရာက္ေသာ အာဆီယံ ေဆာင္႐ြက္ခ်က္တစ္ခုအတြက္ အဟန႔္အတားျဖစ္ထားေစခဲ့သည္။ အင္ဒိုနီးရွား၊ စင္ကာပူႏွင့္ မေလးရွားတို႔က အၾကမ္းဖက္မႈကို အျပင္းအထန္ ရႈတ္ခ်ျပစ္တင္ထားခ်ိန္ ဖိလစ္ပိုင္ႏွင့္ ထိုင္းတို႔က ပိုမို၍ ညင္သာတိုးတိတ္ေသာ ထုတ္ျပန္ခ်က္မ်ားကို ထုတ္ျပန္ခဲ့ၾကသည္။ အျခားႏိုင္ငံမ်ားကမူ ဆက္လက္ ႏႈတ္ဆိတ္ေနခဲ့သည္။

ေဒသဆိုင္ရာ အဖြဲ႕အစည္းတစ္ခုႏွင့္ ႏိုင္ငံတကာ ပါ၀င္ပတ္သက္သူတစ္ဦးအျဖစ္ အာဆီယံ၏ သက္ဆိုင္ဆက္စပ္မႈအတြက္ ျမန္မာ့အေရးသည္ ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ ယခု ေၾကညာခ်က္တြင္ လက္မွတ္ထိုးထားသူမ်ားက ရႈျမင္ၾကသည္။

“ျမန္မာ့အေရးဟာ အာဆီယံ အသိုက္အ၀န္း၊ အာဆီယံ ဗဟိုက်မႈနဲ႔ အာဆီယံ ပဋိညာဥ္အတြက္ စမ္းသပ္မႈတစ္ခု ျဖစ္တယ္လို႔ မိမိတို႔ အေရွ႕ေတာင္အာရွ ျပည္သူေတြက သေဘာထားပါတယ္”

ၾကား၀င္မစြက္ဖက္ေရး မူေနာက္တြင္ ပုန္းကြယ္ေနရန္မွာ က်ိဳးေၾကာင္းညီၫြတ္ျခင္း မရွိေတာ့ဟု ကိုယ္စားလွယ္မ်ားက ေျပာသည္။

“အေရးယူလုပ္ေဆာင္ျခင္းမရွိတဲ့အေပၚမွာ ကာကြယ္တဲ့အေနနဲ႔ ၾကား၀င္မစြက္ဖက္ေရး မူကို တလြဲအသုံးျပဳတာေတြကို မိမိတို႔အေနနဲ႔ သေဘာမတူပါဘူး၊ ဒါက အာဆီယံ ပဋိညာဥ္ရဲ႕ အႏွစ္သာရဆိုလိုရင္းကိုလည္း ထင္ဟပ္ေစျခင္း မရွိပါဘူး”

ASEAN civil society shows strong support for Myanmar democracy

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly