မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက အပြင်းထန်ဆုံး ထုတ်ပြန်ကြေညာချက်ကို ပူးတွဲထုတ်ပြန်

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက အပြင်းထန်ဆုံး ထုတ်ပြန်ကြေညာချက်ကို ပူးတွဲထုတ်ပြန်
Photo - AFP

ဧပြီ ၉

သြစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် ယနေ့တွင် ပူးတွဲထုတ်ပြန်ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပြီး အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံ၌ ကြိုးစားပမ်းစား ရထားခဲ့သော ဒီမိုကရေစီ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအတွက် ဆန္ဒထုတ်ဖော်တိုက်ပွဲ၀င်ရင်း အရပ်သား ၆၀၀ ကျော် သေဆုံးခဲ့ရမှုအပေါ် ဝေဖန်ရှုတ်ချထားခဲ့သည်။

“သူတို့တွေရဲ့ ရဲရင့်မှုနဲ့ ဂုဏ်သိက္ခာတို့အတွက် မိမိတို့အနေနဲ့ လေးစားရပါတယ်၊ မိမိတို့ဟာလည်း စည်းလုံးညီညွတ်စွာရှိပြီး သူတို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ထပ်တူ ပူဆွေးသောကဖြစ်ရပါတယ်”
“ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေနဲ့ အလားအလာတို့အပေါ် အပြည့်အ၀ လေးစားပြီး ဖြစ်ထွန်းတိုးတက်စေနိုင်တဲ့ လွတ်လပ်၊ မျှတ၊ ငြိမ်းချမ်းတဲ့ ဒီမိုကရက်တစ်မြန်မာနိုင်ငံကို ယုံကြည်ကြသူ အားလုံးရဲ့ မျှော်လင့်ချက်တွေ၊ ပြင်းပြတဲ့ ဆန္ဒတွေကို မိမိတို့အတူတကွ ရပ်တည်ထောက်ခံပါတယ်” ဟု သံအမတ်ကြီးများက ထုတ်ပြန်သည်။

“အကြမ်းဖက်မှုကို ရပ်ဆိုင်းရပါမယ်၊ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကိုလည်း ပြန်လွှတ်ပေးရပါလိမ့်မယ်၊ ဒီမိုကရေစီစနစ် ပြန်လည် ထားရှိရပါလိမ့်မယ်” ထိုထုတ်ပြန်ကြေညာချက်ကို ပါ၀င်လက်မှတ်ထိုးသူများ၏ ဆိုရှယ်မီဒီယာအကောင့်များပေါ်တွင် ယခုမနက်ပိုင်းက မြင်တွေ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly