ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေညာချက်

ဧပြီ ၈ ရက်၊ ၂၀၂၁ ခုနှစ်

မဇ္ဈိမမီဒီယာ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများဖြစ်ကြသော ဒေါ်သင်းသင်းအောင်နှင့် ကိုဂျိမ်းပူထောင်းတို့ ထိန်းသိမ်းထားခြင်းအပေါ် မဇ္ဈိမမီဒီယာအနေဖြင့် အလွန်စိုးရိမ်မိပါသည်။

သူတို့နှစ်ဦးလုံးသည် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မဇ္ဈိမမှ တရားဝင် နှုတ်ထွက် အနားယူသွားကြသူများဖြစ်ပါသည်။ ဒေါ်သင်းသင်းအောင်သည် ကျန်းမာရေးကြောင့် မဇ္ဈိမတွင် အချိန်ပိုင်းလုပ်ကိုင်နေခဲ့ရာက ဖေဖော်ဝါရီတွင် လုံးဝ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ သူသည် ဘီဘီစီမြန်မာပိုင်းအစီအစဉ်၏ သတင်းထောက်အဖြစ် သတင်းစာသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တိုင်းပြည်သို့ ပြန်လာခဲ့သည်။ သူသည် မဇ္ဈိမအား ၁၉၉၈ ခုနှစ်တွင် ပူးတွဲတည်ထောင်သူဖြစ်ပါသည်။

သူတို့နှစ်ဦးလုံး၏အသက်အန္တရာယ်အတွက် မဇ္ဈိမက စိုးရိမ်ပူပန်လျက်ရှိပြီး အမြန်ဆုံးလွှတ်ပေးပါရန် တောင်းဆိုပါသည်။

ဆက်သွယ်ရန်

ဦးစိုးမြင့်
စီမံခန့်ခွဲမှု ဒါရိုက်တာ နှင့် အယ်ဒီတာချုပ်
WhatsApp +91-9421010100
VOIP + 12028885002
Email – [email protected]

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly