တန့်ဆည်မြို့တွင် ပြည်သူ (၁၁) ယောက် ကျဆုံး

တန့်ဆည်မြို့တွင် ပြည်သူ (၁၁) ယောက် ကျဆုံး
Photo - CJ

ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ မှာဒီကနေ့ ဧပြီလ(၈)ရက် မနက်ပိုင်းအထိ ပြည်သူ(၁၁)ယောက် သေနတ်ဒဏ်ရာနဲ့ ကျဆုံးထားတယ်လို့သိရပါတယ်။

တန့်ဆည်မြို့မှာ ဧပြီ(၇)ရက် ညနေပိုင်းကစစ်အာဏာသိပ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ ပြည်သူလူထုကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးသေနတ်မှန်ပြည်သူ(၃၀)ကျော်ရှိခဲ့တာဖြစ်ပါတယ်။(၃)ယောက်ကတော့ မနေ့ညပိုင်း
ကတည်းက ကျဆုံးခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းအထိ(၈)ယောက် ထပ်ကျဆုံးခဲ့တာလို့ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့က ညနေ(၄)နာရီလောက်က စပစ်တာ။ည(၇)နာရီလောက်အထိပဲ။ သံဃာ(၁)ပါး အပါ ပြည်သူ(၃၀)ကျော် သေနတ်မှန်တယ်။ ဒီမနက်အထိဆို(၁၁)ယောက် ကျထားပြီ။ပြင်းထန်ဒဏ်ရာရတဲ့ လူနာတွေလည်း ရှိသေးတယ်လို့" ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ အာဏာသိမ်းကောင်စီတပ်ဖွဲ့၀င်တွေက တန့်ဆည်မြို့ လမ်းဆုံ ဗိုလ်ချုပ်ကြေးရုပ်မှာ နေရာယူထားတဲ့အတွက် ပြင်းထန်ဒဏ်ရာရတဲ့လူနာတွေကို နေရာရွေ့ပြောင်းဆေးကုသမှုပေးနိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ဒါ့အပြင် အပြင်မထွက်ဖို့၊ ထွက်လာတာတွေခဲ့ရင် ပတ်ခတ်မယ်ဆိုတဲ့ အကြောင်းကိုလည်း အသံချဲ့စက်နဲ့ ကြေညာနေတယ်လို့ ပြောပါတယ်။

"ထွက်ဖို့အဆင်မပြေဘူး။ သူတို့က လမ်းဆုံကနေ အော်နေတာ။ဆန္ဒမပြကြနဲ့ အပြင်မထွက်ကြနဲ့။ ထွက်ရင် ပစ် မှာလို့ အော်ပြောနေတာလို့" မြို့ခံတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ တန့်ဆည်မြို့ က ဈေးဆိုင်တွေအများစုပိတ်ထားပြီး လူအသွားအလာလည်း မရှိကြဘူးလို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly