မဟာခါလီမြစ်ဝန်းကျင် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် နီပေါနှင် အိန္ဒိယ ပူးတွဲ လေ့လာမှု ပြုလုပ်မည်

မဟာခါလီမြစ်ဝန်းကျင် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် နီပေါနှင် အိန္ဒိယ ပူးတွဲ လေ့လာမှု ပြုလုပ်မည်

ဧပြီ ၈

ဒါချူလာခရိုင်၊ မဟာခါလီမြစ်အတွင်းနှင့်ဝန်းကျင်တွင် ပြုလုပ်မည့် တည်ဆောက်ရေး လုပ်ငန်းများအတွက် ပူးတွဲလေ့လာမှု လုပ်ဆောင်ရန် နီပေါ်နှင့် အိန္ဒိယနိုင်ငံတို့က သဘောတူလိုက်ကြကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီး ပရဒိကူမားဂီယာဝါလီက ဧပြီ ၆ ရက်တွင် ပြောကြားသည်။

ပါလီမန်၌ လွှတ်တော်အမတ်များက မေးမြန်းမှုနှင့် ပတ်သက်၍ ဝန်ကြီး ဂီယာဝါလီက အဆိုပါ လေ့လာမှုအတွက် နှစ်နိုင်ငံပူးတွဲအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် စီမံကိန်းနေရာသို့ ဧပြီ ၁၂ ရက်တွင် ယင်းအဖွဲ့ကို စေလွှတ်သွားမည်ဟု ပြောကြားသည်။

“လာမယ့် ရက်သတ္တပတ်အစ ဧပြီ ၁၂ ရက်မှာ နီပေါနဲ့ အိန္ဒိယ လေ့လာရေးအဖွဲ့က စီမံကိန်းနေရာကို စစ်ဆေးပြီး တံတိုင်းတည်ဆောက်မှုဟာ နိုင်ငံတကာ နယ်နမိတ် စည်းမျဉ်းတွေနဲ့ ကိုက်ညီသလားဆိုတာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အချက်အလက်တွေကိုလည်း စုစည်းသွားပါမယ်” ဟု ဂီယာဝါလီက ပြောကြားသည်။

နယ်မြေကျူးကျော်မှုများရှိသည်ဟု သတင်းများထွက်ပေါ်မှုကြောင့် မဟာခါလီမြစ်အတွင်း အိနိ္ဒယဖက်မှ ၎င်းတို့ဖက်အခြမ်းတွင် ဇန်နဝါရီ ၆ ရက်က လုံခြုံရေး တံတိုင်း တည်ဆောက်ခြင်းကို မြေပြင် စစ်ဆေးမှုပြုလုပ်ရန် နီပေါအစိုးရက ၎င်းတို့၏ စစ်ဆေးရေး အရာရှိချုပ်အား ဒါချူလာဒေသသို့ စေလွှတ်ခဲ့သည်။

ယင်းအဖွဲ့တွင် နီပေါ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ ခရိုင်ရုံးမှ တာဝန်ရှိသူများ ပါဝင်ခဲ့သည်။

နယ်နမိတ် တိုင်းတာမှုများကို ပိုမိုမှန်ကန်စွာ လုပ်ဆောင်ရန် ကျွမ်းကျင်သူများဖြင့် စစ်ဆေးရေးအတွက် ယင်းအဖွဲ့က အကြုံပြုခဲ့ကြောင်း ဂီယာဝါလီက ပြောကြားခဲ့သည်။

မဟာခါလီမြစ်တွင် ကမ်းပါးတစ်ခုအား အိန္ဒိယက အလျင်အမြန်တည်ဆောက်နေခြင်းအပေါ် နီပေါအစိုးရအနေဖြင့် သံတမန်နည်းလမ်းအရ ဆက်သွယ်ဆောင်ရွက်ရန် နီပေါကွန်ဂရက်အမတ်တစ်ဦးက အစိုးရက မတ်လ ၂၃ ရက်တွင် တိုက်တွန်းခဲ့သည်။

နီပေါဖက်ခြမ်းမှ မြေ ၂၅ ဟက်တာသည် အိန္ဒိယ၏ မြစ်ကမ်းပါး တည်ဆောက်သည့်ဖက်တွင်ပါဝင်သွားကြောင်း အဆိုပါ လွှတ်တော်အမတ်က အောက်လွှတ်တော်သို့ ပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly