တရုတ်မြန်မာနယ်စပ် ကိုဗစ် စစ်ဆေးမှုနဲ့ ကာကွယ်ဆေးထိုးမှု စတင်

06 April 2021
တရုတ်မြန်မာနယ်စပ် ကိုဗစ် စစ်ဆေးမှုနဲ့ ကာကွယ်ဆေးထိုးမှု စတင်

တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့မှာ ပြီးခဲ့တဲ့ သတင်းပတ်ကုန်က နောက်ထပ် ကိုဗစ် 19 ကပ်ရောဂါ ကူးစက်မှုတွေ ထပ်တွေ့ရတဲ့အတွက် ရောဂါ ထိန်းချုပ်ရေး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ တရုတ်အရာရှိတွေ ပြောဆိုသတိပေးနေပါတယ်။

ယူနန်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ မနေ့ တနင်္ဂနွေနေ့က  COVID-19 ပြည်တွင်း ကူးစက်သူ ၁၅ ဦး ထပ်တွေ့ခဲ့ ပြီး ပြည်ပက ပြန်လာသူတွေထဲ ကူးစက်သူ ၃၂ ယောက်ကူးစက်မှုတွေ့တာကြောင့် ဒါဟာဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ပိုင်းကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။ ရွှေလီမြို့ ပြည်တွင်းကူးစက်မှုက မြန်မာလူမျိုးတဦးကနေစပြီး ကူးစက်ခဲ့တာဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ရွှေလီမှာ ရောဂါ ကူးစက်ထားသူတွေထဲက ၁၁ ယောက်က မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ဖော်ပြထားတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly