ဟောင်ကောင်ရှိ တရုတ်အစိုးရဖက်မှ အမတ်များက ပြိုင်ဖက်များနှင့် ပူးပေါင်း

By Zee 5
04 April 2021
ဟောင်ကောင်ရှိ တရုတ်အစိုးရဖက်မှ အမတ်များက ပြိုင်ဖက်များနှင့် ပူးပေါင်း

ဧပြီ  ၄

တရုတ်အစိုးရက ပြည်သူကိုယ်စားလှယ်များ၏ သစ္စာခံမှုကိုရရှိစေရန်ရည်ရွယ်ထားသော ဥပဒေမူကြမ်း သည် ပြည်သူကိုယ်စားလှယ်များအပေါ်အလွဲသုံးစားပြုနိုင်ကြောင်း ဟောင်ကောင်ရှိ တရုတ်အစိုးရဖက်မှ  ဥပဒေပြုအမတ်များက သတိပေးခဲ့ပြီး နိုင်ငံရေးပြိုင်ဘက်များနှင့် ပူးပေါင်းကာ ၎င်းတို့၏ စည်းလုံးညီညွတ်မှုကို ရှားရှား ပါးပါးပြသလိုက်သည်။

South China Morning Post (SCMP) ၏ သတင်းဖော်ပြချက်အရ မြို့တော်၏ ခရိုင် ၁၈ကောင်စီ၏ အဖွဲ့ဝင်အဖြစ်ပါဝင်ရာတွင် အစိုးရအရာရှိများနှင့် ဥပဒေပြုအမတ်များ၏ သစ္စာစောင့်သိမှုဆိုင်ရာ ကတိကဝတ်ကို ရယူရန်အဓိက ထားကြိုးပမ်းထားသည့် ပုံမှန်အားဖြင့် ပြည်သူ့ရုံးများဥပဒေ (၂၀၂၁) ဟုခေါ်သော (ကိုယ်စားလှယ်လောင်းနှင့်တာဝန်ယူခြင်းများ) (အထွေထွေပြင်ဆင်မှုများ) ဥပဒေကိုဆန်းစစ်ရန်အတွက် ဧပြီလ၁ရက်နေ့တွင် ဥပဒေပြုအမတ်များ တွေ့ဆုံစဉ်စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ဥပဒေမူကြမ်းအရ သတ်မှတ်ချက်နှင့်မကိုက်ညီသူများသည် မိမိတို့၏ ကျမ်းသစ္စာကျိန်ဆိုချက်ကို ဖောက်ဖျက်သည်ဟုယူဆခံရပြီး တရားစွဲခံရပြီးနောက် ၅နှစ်အတွင်း ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည်။

ကော်မတီအစည်းအဝေးတွင် တရုတ်အစိုးရကိုလိုလားသူ လွှတ်တော်အမတ် တိုနီဆီဝေချန်း က အခွင့်အရေး ပြန်လည်ရယူခြင်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများနှင့် ကွဲပြားသည့် သဘောထား အမြင်များကိုထောက်ပြပြောဆိုခဲ့သည်။

“ဟောင်ကောင်ရဲ့ အကျိုးစီးပွားကို အားနည်းစေတဲ့ လုပ်ဆောင်ချက်တွေလုပ်ဆောင်နေပါတယ်ဆိုပြီးပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုတွေကြောင့်အခွင့်အရေးပြန်လည်ရယူခြင်း ကိုဆန့်ကျင်တဲ့ကောင်စီဝင်တွေကအတိုက်အခံတွေကို စွပ်စွဲနိုင်ပါတယ်”ဟုသူကဆိုသည်။

အမျိုးသားလုံခြုံရေးဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရပါက သစ္စာရှိမှုကတိကဝတ်ကို ချိုးဖောက်သည်ဟုစဉ်းစားနိုင်မည်လားဆိုသည်ကိုလည်း တရုတ်အစိုးရလိုအားသူ ပေါဆီဝေချွန်း ကမေးခွန်းထုတ်သည်။

“ “ပြစ်မှုကျူးလွန်ခြင်းနဲ့ပြစ်ဒဏ်ကျခြင်းအတွက်လဲမေးခွန်းတွေရှိပါတယ်။လူတစ်ယောက်ပြစ်မှုမကျူးလွန်ရသေးပေးရင် ဒီလူတွေကအပြစ်ရှိတယ်လို့ ကျွန်တော်တို့ကဆုံးဖြတ်နိုင်မှာလား။ သူ့ကိုစည်းကမ်းမလိုက်နာလို့ပိတ်ပင်ရမှာလား”ဟုသူကဆိုသည်။
ပေါလ်သည်ဥပဒေကြမ်း၏'အပြုသဘော' နှင့်'အပျက်သဘော' စာရင်းများအား ဖယ်ရှားပေးရန်တောင်းဆိုခဲ့သည်၊ယင်းသည်အနက်အဓိပ္ပာယ်ထွေပြားခြင်းများဖြစ်စေနိုင်သည်ဟုပြောကြား ခဲ့သည်။

ထို့အပြင် တစ်သီးပုဂ္ဂလအမတ်ဖြစ်သူဒေါက်တာ ပီယာချန်ပီယင် Pierre Chan Pui-yin က ဥပဒေပြုအမတ်များသည် အရေးကြီးသော အစိုးရဥပဒေကြမ်းများ သို့မဟုတ်ဘတ်ဂျက်ကို ဆန့်ကျင်မဲပေးခဲ့လျှင် သို့မဟုတ် ဟောင်ကောင်အုပ်ချုပ်ရေးမှုးအား ယုံကြည်မှုမရှိအဆိုအတွက်မဲပေးခဲ့လျှင် ဥပဒေပြုအမတ်များကသူတို့၏သစ္စာစောင့်သိမှုကတိကဝတ်ကိုချိုးဖောက်သည်ဟုယူဆနိုင်မည်လားဟုမေးခွန်းထုတ်ခဲ့သည်။

၂၀၁၉ခုနှစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲကာလများတွင်အပြတ်အသတ်အနိုင်ရရှိခဲ့သောအတိုက်အခံခရိုင်ကောင်စီဝင်များအားအစုလိုက်အပြုံလိုက်အရည်အချင်းမပြည့်မီစေရန်အတွက်ယင်းဥပဒေကြမ်းကလမ်းဖွင့်ပေးလိမ့်မည်ဟုမျှော်လင့်ထားသည်။

ဧပြီလ၁ရက်နေ့ကတရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီသည်ဟောင်ကောင်ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးကိုအတည်ပြုခဲ့ကြသည်။ ယင်းပြောင်းလဲမှုကြောင့် ရွေးကောက်ပွဲကော်မတီက မူကလဟောင်ကောင်အုပ်ချုပ်ရေးမှုး ကိုရွေးချယ်ပေးရန်တာဝန်သာရှိခဲ့ရာမှ၊ဥပဒေပြုအမတ်အားလုံးကိုရွေးချယ်ယာထားခွင့်အခွင့်အာဏာရရှိသွားမည်ဖြစ်ပြီး၊ဟောင်ကောင်ဥပဒေပြုကောင်စီသို့လည်းကော်မတီကိုယ်စားပြုအမတ် ၄၀ ရွေးကောက်ခွင့်ရရှိသွားမည်ဖြစ်သည်။

ကော်မတီသည် အဓိကရွေးကောက်ပွဲအားလုံးကို ထိန်းချုပ်လိမ့်မည်ဖြစ်ပြီး အမျိုးသားလုံခြုံရေးရဲများ၏ အကူအညီဖြင့်“မျိုးချစ်စိတ်မရှိသူများ”ဟုသတ်မှတ်ခံရသောကိုယ်စားလှယ်လောင်းများကိုစစ်ဆေးရန်စစ်ဆေးရေးကော်မတီအသစ်ကိုလည်း ဖွဲ့စည်းလိမ့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly