Samsung ကုမ္ပဏီတစ်ခုတည်းသာ ထုတ်လုပ်မှုဆိုင်ရာ စွဲဆောင်မှု လျာထားသတ်မှတ်ချက်ကို ကျော်လွန်

Samsung ကုမ္ပဏီတစ်ခုတည်းသာ ထုတ်လုပ်မှုဆိုင်ရာ စွဲဆောင်မှု လျာထားသတ်မှတ်ချက်ကို ကျော်လွန်

မတ် ၃၀

တောင်ကိုရီးယား၏ ဆမ်းဆောင်းလျှပ်စစ်ကုမ္ပဏီသည် ယခုနှစ်လက်ကိုင်ဖုန်းများနှင့် အစိတ်အပိုင်းများအတွက် ထုတ်လုပ်မှုဆိုင်ရာ စွဲဆောင်မှု (PLI) နှင့် သက်ဆိုင်သည့် ရင်းနှီးမြုပ်နှံမှုနှင့် လျာထားထုတ်လုပ်မှုများကို ကျော်လွန်သွားသည့် ကုမ္ပဏီ ၁၆ ခု အနက် တစ်ခုတည်းသော ကုမ္ပဏီဖြစ်ကြောင်း ယင်းအကြောင်းရာနှင့် နီးစပ်သူများက ပြောကြားသည်။

ရလဒ်အနေဖြင့် Apple ကန်ထရိုက်ထုတ်လုပ်သူများဖြစ်သော Foxconnနှင့် Wistron၊ Lava၊ Bhagwati၊ UTL၊ Sahasra၊ AT&S နှင့် Neolyncအပါအဝင်အခြားလက်ကိုင်ဖုန်းထုတ်လုပ်သူများသည် မတ်လ ၃၁ ရက်ကုန်ဆုံးမည့် စွဲဆောင်မှုပေးရေး အစီအစဉ်တွင် လျာထားသည့် ရူပီးငွေ ကုဋေ ၅၃၃၄ ကို လွဲချော်လိမ့်မည်ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး နောက်ဆုံးအတည်ပြုချက်ကို မထုတ်ပြန်ရသေးကြောင်း အစိုးရတာဝန်ရှိသူက ပြောကြားလိုက်သည်။

PLIအစီအစဉ်သည် လက်ကိုင်ဖုန်းနှင့်အပိုပစ္စည်းထုတ်လုပ်သူများအတွက်ဖြစ်ပြီး အဓိကအားဖြင့်တရုတ်မှ ကုမ္ပဏီများကို ဆွဲဆောင်ရန်ဖြစ်ကာ ပြည်တွင်းနှင့်ပြည်ပပို့ကုန်ဈေးကွက်များအတွက် ပြည်တွင်းထုတ်လုပ်မှုကိုမြှင့်တင်ရန်ဖြစ်သည်။

ယင်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် ကုမ္ပဏီ ၁၆ ခုအတွက် စတင်ခဲ့သော်လည်း၊ အောက်တိုဘာလတွင်မှ ခွင့်ပြုချက်ရရှိခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုရည်မှန်းချက်များကိုရရှိသည့်အခါ အချိုးကျအခြေခံစနစ်ဖြင့်မဟုတ်ဘဲ မက်လုံးများပေးရသည်။

Foxconn၏ ယူနစ်နှစ်ခုဖြစ်သော Wistron၊ Pegatronနှင့် Samsung တို့သည် ပထမနှစ်တွင် ရူပီး ကုဋေ ၂၅၀ စီ ရင်းနှီးမြှုပ်နှံမည်ဟုယူဆရပြီး  ကုမ္ပဏီတစ်ခုချင်းစီ၏ နှစ်တိုးထုတ်လုပ်မှုမှာ ရူပီး ကုဋေ ၄၀ဝ၀ ဖြင့် တိုက်ရိုက်မက်လုံးအနေဖြင့် ငွေသားပြန်ရမှု ၆ ရာခိုင်နှုန်းရှိမည်ဖြစ်သည်။

 “ ဒီကိစ္စအတွက် Samsung က ရူပီး ကုဋေ ၄,၅၀ဝ-၅၀ဝဝ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နေပါတယ်” ဟု လူတစ်ဦး က ပြောသည်။

Samsung အနေဖြင့် Noida တွင်လည်း ယခင်က ထုတ်လုပ်မှုယူနစ်တစ်ခုကို ဝယ်ယူခဲ့ဖူးသည့် အားသာချက် ရှိခြင်းကြောင့်  ယင်းအနေဖြင့် လျင်မြန်စွာ စွမ်းဆောင်ရည်ထပ်ထည့်နိုင်မည်ဖြစ်ကြောင်း စက်မှု လုပ်ငန်းအမှုဆောင်အရာရှိတစ်ဦးက ဆိုသည်။
"သူတို့က ပစ္စည်း ဖြန့်ဖြူးရေးမှာ တရုတ်အပေါ်မှီခိုမှုနည်းတာကြောင့်  အခက်ခဲဆုံးအချိန်တွေမှာတောင် ကုန်ထုတ်လုပ်မှုကိုဆက်လက်ထိန်းသိမ်းနိုင်အောင် ကူညီခဲ့တယ်" ဟု အမှုဆောင်အရာရှိကပြောကြားခဲ့သည်။

 “နှစ်စဉ်အရောင်းဝင်ငွေ ရူပီး ကုဋေ ၅၀,ဝဝဝ လောက်ရှိတဲ့ ကုမ္မဏီတစ်ခုအတွက် အပို ရူပီငွေ ကုဋေ ၄,ဝဝဝ ကို ထုတ်ယူဖို့ဆိုတာ အလွယ်လေးပါ” ဟု စက်မှုလုပ်ငန်းအမှုဆောင်က ပြောကြားသည်။

အိန္ဒိယ လက်ကိုင်ဖုန်း ထုတ်လုပ်သူများဖြစ်သည့် Optiemus၊ Dixon၊ Lava ၊  Bhagwati (Micromax) နှင့် UTL တို့သည် ရူပီးကုဋေ ၅၀ စီ ရင်းနှီးမြုပ်နှံရန် ရည်မှန်းထားပြီး၊ ကုမ္ပဏီတစ်ခုချင်းစီ၏ ပုံမှန်တိုးတက်ထုတ်လုပ်မှုမှာ ရူပီး ကုဋေ ၅၀ဝ စီ ဖြစ်သည်။ အစိတ်အပိုင်းထုတ်လုပ်သူများဖြစ်သည့် Sahasra၊ AT&S၊ Neolync၊ Ascent Circuits၊ Visiconနှင့် Walsinတို့က ရူပီးကုဋေ ၂၅ စီ ရင်းနှီးမြုပ်နှံရန် ရည်မှန်းထားပြီး၊ ကုမ္ပဏီတစ်ခုချင်းစီ၏ ပုံမှန်တိုးတက် ထုတ်လုပ်မှုမှာ ရူပီး ကုဋေ ၁၀ဝ စီ ဖြစ်သည်။

ကျော်လွန်သွားသည့် လျာထားချက်များကို နောက်နှစ် သတ်မှတ်ချက်နှင့်ပေါင်းပေးရန် လက်ကိုင်ဖုန်းစက်မှုလုပ်ငန်းရှင်များက အစိုးရအား တိုက်တွန်းနေသော်လည်း ဘဏ္ဍာရေးနှစ်အဆုံးသတ်ရန် တစ်ပတ်ပင်မကြာတော့သည့်အချိန်တွင် အစိုးရက  မဆုံးဖြတ်ရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly