အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် လူထောင်ချီ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်

အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက လေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် လူထောင်ချီ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်

မတ် ၂၉

အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု ထိန်းချုပ်ရာ ဧရိယာကို လေ‌ကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့ပြီးနောက် ကရင်ပြည်နယ်မှ ရွာသူရွာသား ၃,၀၀၀ ခန့်သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြရကြောင်း ကရင်အမျိုးသမီး အစည်းအရုံးက တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် မြန်မာ-ထိုင်း နယ်စပ်အနီး မုထရောခရိုင်ရှိ ဧရိယာငါးခုကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းက ပြောသည်။

အဆိုပါ ဒေသများကို ထိန်းချုပ်ထားသည့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) က ပြောကြားရာတွင် စစ်တပ်က ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူသုံးဦး သေဆုံးပြီး လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

၂၀၁၅ ခုနှစ်က ကေအင်န်ယူသည် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးပြီးနောက်ပိုင်း ယခု လေကြောင်းတိုက်ခိုက်မှုများသည် ဒေသတွင် ပထမဆုံးအကြိမ် သိသာထင်ရှားသည့် တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်။

ကေအင်န်ယူ ဥက္ကဋ္ဌသည် အာဏာသိမ်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အိတ်ဖွင့်စာရေးသားပေးပို့ပြီး အာဏာသိမ်းမှုနှင့်အတူ နောက်ဆက်တွဲဖြစ်ရပ်များ၊ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချကြောင်း ထုတ်ဖော်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်နေခဲ့သည်။

နိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း သွေးထွက်သံယိုဖြစ်မှုအများဆုံးနေ့ကို ကြုံတွေ့ခဲ့ရစဥ် ယခု တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly