ကလေးမြို့၊ တာဟန်း ခံစစ် တိုက်ပွဲ

ကလေးမြို့၊ တာဟန်း ခံစစ် တိုက်ပွဲ
Photo - CJ

မတ် ၂၈

ချင်းပြည်နယ် နှင့် ထိစပ်ပြီး၊ အဓိက မဟာဗျုဟာ နေရာ တစ်ခု ဖြစ်သည့်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အား၊ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက၊ မတ်လ ၂၈ ရက်နေ့မှာ အင်အားအလုံးအရင်းဖြင့် ပစ်ခတ်နေသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသည့် ပြည်သူများကလည်း၊ ကလေးမြို့၊ တာဟန်း ရပ်ကွက် ခံတပ်မှ နေပြီး၊ ခုခံစစ် ဆင်နွှဲ လျက် ရှိသည်ဟု သိရသည်။ မတ်လ ၂၈ ရက်၊ ည (၇) နာရီအထိ၊ ဆန္ဒပြသူ အနည်းဆုံး (၃) ဦး ကျဆုံးသွားပြီး၊ အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကိုင်များက လက်နက်ကြီးများ၊ စနိုက်ပါများ၊ RPG လောင်ချာများ သုံးပြီးတိုက်ခိုက်နေသော်လည်း၊ တာဟန်းပင်မ ခံတပ်အား၊ သိမ်းယူနိုင်ခြင်း မရှိသေးပေ။

ပြည်တွင်းလေဆိပ်ရှိသည့် ကလေးမြို့ နှင့် တမူး မြို့ (အိန္ဒိယနယ်စပ်) သည် မိုင် ၈၀ ခန့်အကွာအဝေးရှိပြီး၊ ကားတစ်စီး သာ သွားနိုင်သည့် တံတားပေါင်း ၆၉  ခု ဖြင့် ဆက်သွယ်ထားသည်။ (ပေးပို့သူ - CJ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly