ကချင်ပြည်နယ်၊ ဖားကန့် တိုက်ပွဲ

ကချင်ပြည်နယ်၊ ဖားကန့် တိုက်ပွဲ
ဓါတ်ပုံ - ကချင်ပြည်နယ်၊ ဖားကန့်မှာ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များကရဟတ်ယာဉ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ နှစ်ရာကျော်ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

မတ် ၂၈

မတ်လ ၂၈ ရက်နေ့ ယနေ့  နံနက် စောစော ၂ နာရီကျော်ခန့်က ကချင်ပြည်နယ်၊ ဖားကန့် လုံးခင်း ရတနာမြေအတွင်းက လုံးခင်းကျေးရွာအုပ်စု၊ ထန်ရွာနဲ့တောမှော်ရွာအကြားမှာ ရှိသည့် အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲတပ်ရင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရဲတပ်ရင်း နေရာ လေးခုထက်မနည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အများအပြား သေဆုံး၍ လက်နက်များ သိမ်းဆည်းခံရသည်ဟု သိရသည်။

ဖားကန့်မြို့တွင်၊ ဒေသခံပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး အာဏာသိမ်းသည့်နောက်ပိုင်း မတ်လ (၁၁) ရက်နေ့မှ စတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

မြန်မာ့ကျာက်စိမ်းနယ်မြေဖြစ်သည့် ဖားကန့်မြို့သည်၊ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား နှင့် (၉၄) မိုင်ဝန်းကျင် ကွာဝေး ပြီး၊ KIO/KIA ၏ ဌာနချုပ် လိုင်ဇာ မြို့နှင့် မိုင် (၁၅၈) ကွာဝေးသည်။

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ အမှတ် ၂ ရဲစခန်း နေ့လယ် ၁၂ နာရီခန့်က မီးကွင်းပစ်ခံရသည်ဟု သိရသည်။ ထို့အပြင် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ USA Lum Tu ဖုန်းဆိုင်အနီး၊ ဆွမ်ပရာဘွမ်လမ်းမပေါ်တွင် ယနေ့ည ၈နာရီအချိန်ခန့်က မိုင်း ၂ လုံး ပေါက်ကွဲခဲ့ကြောင်းသိရသည်။  အသေးစိတ်ကို မဇ္ဈိမက ဆက်လက်စုံစမ်း လျက်ရှိသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း၊ ဆန္ဒပြပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ဖမ်းဆီးခြင်းရပ်တန့်ရန် နှင့် မရပ်တန့်ပါက KIO/KIA အနေနှင့်ပြည်သူနှင့်အတူတစ်သားထဲရပ်တည်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် အသင့်ရှိနေကြောင်း  KIA အမှတ် ၈ တပ်မဟာ မှ အသိပေးစာတစ်စောင်ကို မတ်လ ၂၈ရက် ယနေ့ ရက်စွဲနှင့်ထုတ်ပြန်ထားသည်။

(ဓါတ်ပုံ - ကချင်ပြည်နယ်၊ ဖားကန့်မှာ အာဏာသိမ်း စစ်ကောင်စီ၏ တပ်များကရဟတ်ယာဉ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ နှစ်ရာကျော်ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly