စင်ကာပူတွင် လူ ၃၀ လျှင် တစ်ဦးနှုန်းခန့် သန်းကြွယ်သူဌေးဖြစ်လာနိုင်

စင်ကာပူတွင် လူ ၃၀ လျှင် တစ်ဦးနှုန်းခန့် သန်းကြွယ်သူဌေးဖြစ်လာနိုင်

စင်ကာပူနိုင်ငံသည် လာမည့်ငါးနှစ်အတွင်း သန်းကြွယ်သူဌေးဦးရေ စုစုပေါင်း ခန့်မှန်းခြေ ၁၈၈၀၀၀ ရှိလာမည်ဖြစ်ပြီး ၁၈ ရာခိုင်နှုန်း တိုးပွားနှုန်းဖြစ်ရာ ဟောင်ကောင်၏ အလားအလာ ၁၆ ရာခိုင်နှုန်းထက် သာလွန်ကြောင်း WealthInsight က ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံသား ၃၀ လျှင် တစ်ဦးနှုန်းက သန်းကြွယ်သူဌေးဖြစ်လာမည့်နှုန်းထားဖြစ်သည်။

စင်ကာပူ၏ လက်ရှိ ဒေါ်လာ ၈၀၆ ဘီလီယံကျော် ချမ်းသာသည့် တစ်ဦးချင်းအမြင့်ဆုံးကြွယ်ဝချမ်းသာမှုရှိသူဦးရေက ၁၅၄၀၀၀ ရှိရာ စင်ကာပူလူဦးရေ ၅ ဒသမ ၅ သန်း၏ ၃ ရာခိုင်နှုန်း အကြမ်းဖျင်းရှိသည်။

"စင်ကာပူရဲ့ ကြီးထွားတဲ့ ဘဏ္ဍာရေးဈေးကွက်၊ ကျော်ကြားတဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းနဲ့ လူနေမှုဘဝမြင့်မားခြင်းတွေက အိမ်နီးချင်းနိုင်ငံတွေက ချမ်းသာသူတွေကို ဆွဲဆောင်နေတော့တာပါ။"ဟု WealthInsight မှ အိုလီဗာဝီလီယမ်က ထုတ်ပြန်ချက်တွင် ပြောကြားသည်။ "

ကျွန်တော်တို့နိုင်ငံဟာဆိုရင် အိန္ဒိယနဲ့ တရုတ်နိုင်ငံက သူဌေးတွေ အများအပြား လာရောက်နေထိုင်တာကို   တွေ့မြင်နေရပါပြီ။"ဟု ၎င်းက ပြောသည်။

အားလုံးခြုံ၍ ကြည့်လျှင် စင်ကာပူထက် ဟောင်ကောင်က သန်းကြွယ်သူဌေးဦးရေ ပိုများနေဆဲဖြစ်သည်။ တရုတ်ပိုင် ဟောင်ကောင်က သူကြွယ်ဦးရေက ၁၉၃၀၀၀ ရှိနေသည်။

သို့သော် မြို့တွင်ဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ်က ဒီမိုကရေစီထောက်ခံဆန္ဒပြမှုများ အပါအဝင် လက်ရှိနိုင်ငံရေးမငြိမ်သက်မှုက လူချမ်းသာများကို ဆွဲဆောင်မှု လျော့ကျလာစေနိုင်ကြောင်း ဝီလီယမ်က ပြောသည်။

ဟောင်ကောင်နှင့် စင်ကာပူ ဒေသနှစ်ခုစလုံးက အာရှ၏ စီးပွားရေးအချက်အခြာဖြစ်ရေး သုံးသပ်လျက်ရှိနေသည်။ တရုတ်နိုင်ငံတွင်မူ သန်းကြွယ်သူဌေးဦးရေ တစ်သန်းကျော်ရှိပြီး အမေရိကန်တွင် အိမ်ထောင်စုပေါင်း ၉ ဒသမ ၆၃ စုနီးပါးက အနည်းဆုံး ဒေါ်လာ တစ်သန်း ကြွယ်ဝကြသည်။

Ref ; CNN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly