စင်ကာပူမှ မလေးရှားသို့ ရေကူးခိုးဝင်သည့် မလေးရှားနှစ်ဦးအား ဖမ်းဆီး

စင်ကာပူမှ မလေးရှားသို့ ရေကူးခိုးဝင်သည့် မလေးရှားနှစ်ဦးအား ဖမ်းဆီး

စင်ကာပူနိုင်ငံတွင်းမှ မလေးရှားနိုင်ငံသို့ ပုန်းလျှိုးဝင်ရောက်ရန် ဦးခေါင်းထက် အိတ်များဖုံးကွယ်ကာ ရေထဲ ဖြတ်ကူးကာ မလေးရှားနိုင်ငံတွင်း ဝင်ရောက်ရန် ကြိုးစားသူနှစ်ဦးအား နိုဝင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ်အာဏာပိုင်များထုတ်ပြန်ချက်အရ ကနဦးစစ်ဆေးမှုများတွင် ၎င်းတို့နှစ်ဦးသည် စင်ကာပူတွင် ရက်လွန်နေထိုင်သူများအဖြစ် လူဝင်မှုကြီးကြပ်ရေးပြစ်မှုရှိသူများ   ဖြစ်ကြောင်း တူဒေးသတင်းတွင် ဖော်ပြသည်။

Woodlands Checkpoint မှ တာဝန်ရှိသူများက Causeway တစ်လျှောက်တွင် နံနက် ၄ နာရီ ၄၀ အချိန်ခန့်က ရေတွင် မျောပါလာသည့် အနက်ရောင်အိတ်နှစ်လုံးကို တွေ့ရှိခြင်းဖြစ်သည်။

သင်္ကာရနံမကင်းသဖြင့် တာဝန်ရှိသူများက လှမ်းထောက်လှမ်းရာမှ အသက် ၃၇ နှစ်နှင့် ၃၉ နှစ်ရှိ ၎င်းလူနှစ်ဦးကို ကမ်းခြေတစ်လျှောက် မျောပါလိုက်ပါလာသည်ကို တွေ့ရှိခြင်းဖြစ်သည်။ ချက်ခြင်းပင် ၎င်းတို့နှစ်ဦးအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ၎င်းတို့နှစ်ဦးအနေဖြင့် စင်ကာပူတွင် သက်တမ်းလွန်နေထိုင်ခြင်းအတွက် ထောင်ဒဏ်နှင့် ကြိမ်ဒဏ်ကျခံရနိုင်သည်။ ထပ်တိုးပြစ်ဒဏ်အနေဖြင့် တရားမဝင်ထွက်ခွာခြင်းအတွက် ထောင်ဒဏ်ခြောက်လ သို့မဟုတ် စင်ကာပူဒေါ်လာ ၂၀၀၀ အပြင် နှစ်မျိုးစလုံးလည်း ကျခံရနိုင်သည်။

Ref ; Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly