မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ၀င်ရောက်ခိုလှုံသူဦးရေ ၇၀၀ ကျော်အထိ ရှိလာ

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ၀င်ရောက်ခိုလှုံသူဦးရေ ၇၀၀ ကျော်အထိ ရှိလာ
Photo - AFP

မတ် ၂၆

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံတွင်းသို့ ၀င်ရောက်ခိုလှုံသူအရေအတွက်သည် ပြီးခဲ့သည့်အပတ်က နှစ်ဆတိုးလာခဲ့ကြောင်း သိရသည်။

အစောပိုင်းက ကိန်းဂဏန်းသည် ၃၀၀ ၀န်းကျင်သာ ရှိခဲ့သော်လည်း ယခုအခါ တစ်ပတ်အတွင်း နှစ်ဆတိုးပြီး ၇၃၃ ဦးအထိ မြင့်တက်ခဲ့ကြောင်း တရား၀င်ဒေတာအချက်အလက်များက ပြသနေသည်။

မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယ မီဇိုရမ်ပြည်နယ်ထဲတွင် ခိုလှုံလာသည့် ဒုက္ခသည် စုစုပေါင်း အရေအတွက်သည် ၆၄၂ ဦး ဖြစ်ပြီး အခြားလူ ၉၁ ဦးမှာ “အတည်မပြုနိုင်သေးသည့်” အမျိုးအစားထဲတွင် ထည့်သွင်းထားရှိထားကြောင်း ပြည်နယ်အစိုးရ၏ တရား၀င် အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။

ဦးရေ အများဆုံးအဖြစ် Champhai ခရိုင်တွင် လူပေါင်း ၃၂၄ ဦး ခိုလှုံနေထိုင်လျက်ရှိပြီး ယင်းခရိုင်တွင် မကြာသေးမီကမှ ၀င်ရောက်ထားခဲ့ပြီး စာရင်းထဲ ထည့်မတွက်ရသေးသည့် လူ ၉၁ ဦးလည်း ရှိနေကြောင်း သိရသည်။
Siaha ခရိုင်တွင်လည်း မြန်မာဘက်ကနေ တိမ်းရှောင်၀င်ရောက်လာသူ ၁၄၄ ဦး ခိုလှုံနေထိုင်လျက် ရှိသည်။

ဒုက္ခသည် အများစုမှာ ရဲများနှင့် ၎င်းတို့၏ မိသားစု၀င်များဖြစ်ကြသည်။ ယုတ်စွအဆုံး စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို ပစ်ရန် ငြင်းဆန်ခဲ့သည့် စစ်တပ် အမှုထမ်းတစ်ချို့လည်း ပါ၀င်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။

လုံခြုံရေးအခြေအနေအရ မြန်မာနိုင်ငံကနေ တိမ်း‌ရှောင်ပြီး အိန္ဒိယဘက် လာရောက်ခိုလှုံကြသူများသည် လက်ရှိအခြေအနေများအောက်တွင် နေရပ်ပြန်ရန် ဆန္ဒမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly