အိန္ဒိယပိုင် ကတ်ရှ်မီးယားရှိ စစ်စခန်းကို စစ်သွေးကြွများ ဝင်စီး

အိန္ဒိယပိုင် ကတ်ရှ်မီးယားရှိ စစ်စခန်းကို စစ်သွေးကြွများ ဝင်စီး

အိန္ဒိယပိုင် ကတ်ရှ်မီးယားဒေသရှိ စစ်တပ်စခန်းတစ်ခုတွင် လက်နက်ကိုင်တိုက်ပွဲ တစ်ရပ်ဖြစ်ပွား၍ အိန္ဒိယစစ်သားတစ်ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယနှင့် ပါကစ္စတန်ကြား ပိုင်နက်ခွဲထားရာ နယ်ခြားစည်းနားရှိ စစ်စခန်းသို့ စစ်သွေးကြွ သုံးဦးက လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် စစ်တပ်ဖက်က အိန္ဒိယစစ်သားတစ်ဦးကျဆုံးသည်ဟု စစ်တပ်တာဝန်ရှိသူတစ်ဦးက ဘီဘီစီသို့ ပြောပြီး ဖြစ်စဉ်အား စုံစမ်းဆဲဖြစ်သည်။

ကတ်ရှ်မီးယားဒေသသည် အိန္ဒိယနှင့် ပါကစ္စတန်တို့က လုံးလုံးလျားလျားပိုင်ဆိုင်ကြကြောင်း အသီးအသီး အခိုင်အမာပြောထားကြပြီး နှစ်ပေါင်း ၆၀ ကျော်ကြာ တင်းမာမှုများဖြင့် ပေါက်ကွဲမည့် အခြေအနေရှိနေသည့် ဒေသဖြစ်သည်။

စစ်သွေးကြွများက နယ်ခြားစည်ရိုးကို ဖြတ်လာကာ တန်ဂဟာစစ်စခန်းတွင်း ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

လက်နက်ကိုင်များကို စစ်တပ်က တန်ပြန်ပစ်ခတ်၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်သည်ဟု အိန္ဒိယသတင်းချန်နယ်များတွင် ဖော်ပြသည်။

အသေးစိတ်သတင်းက လတ်တလော မရရှိသေးပေ။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အထက်ပါ ဒေသတွင်း စစ်သွေးကြွများနှင့် လက်နက်ကိုင်တိုက်ပွဲတစ်ရပ်ဖြစ်ပွား၍ ဗိုလ်မှူးကြီးတစ်ဦး ကျဆုံးပြီး စစ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly