ရုရှားက S - 400 ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဆီးရီးယားတွင် ချထားမည်

ရုရှားက S - 400 ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဆီးရီးယားတွင် ချထားမည်

မော်စကို၊ နိုဝင်ဘာ ၂၅ ။         ။ ရုရှားသည် ၎င်း၏ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဆီးရီးယားတွင် ချထားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။ S-400 လေယာဉ် ပစ်ဒုံးကျည်စနစ်များကို မှေးမင်လေတပ်အခြေစိုက်စခန်းတွင် ချထားမည်ဖြစ်ကြောင်း ဆာဂေးရှိုအီဂူက နိုဝင်ဘာ ၂၅ တွင်ပြောကြားသည်။

ယင်းသို့ပြောကြားမှုက ဆီးရီးယားအနောက်ပိုင်းရှိ လာတာ ကီယာဆိပ်ကမ်းမြို့အပြင်ဘက်ရှိ ရုရှားလေတပ်အခြေစိုက်စခန်းတွင် ချမည်ဟု ရည်ညွှန်းခြင်းဖြစ်သည်။

၎င်းစနစ်သည် လေကြောင်းကာကွယ်ရေးနယ်ပယ်တွင် ရုရှား၏ ခေတ်အမီဆုံးစနစ်ဖြစ်သည်။ ယင်းဒုံးကျည်စနစ်သည် S-300 ကို အဆင့်မြင့်တင်ထားသည့် စနစ်ဖြစ်ပြီး ကီလိုမီတာ ၄၀၀ အကွာအဝေး မှလာသော လေယာဉ်၊ ပဲ့ထိန်းဒုံးနှင့် ခရုစ်ဒုံးကျည်များကို ကြားဖြတ်တိုက်ခိုက်နိုင်စွမ်းရှိသည်။

တူရကီလေတပ်က ရုရှား၏ ဆူခွိုင်း Su-24M Fencer လေယာဉ်ကို ပစ်ချပြီးနောက် တစ်ရက်တွင် ရုရှား၏ ကြေညာချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တူရကီတို့က ရုရှားလေယာဉ်က ကျူးကျော်လာသဖြင့် ပစ်ခတ်ရသည်ဆိုသည်။ သိုသော်လည်း ရုရှားတို့က ယင်းစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ယင်းကဲ့သို့ ဒုံးကျည်များ ချထားရန် ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ အဆိုပြုချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က သဘောတူခဲ့သည်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေးအရာရှိ ဒီမစ်ထရီပက်စ်ကော့ဗ် က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly