စိုက်ပျိုးမြေများ ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဂျမူး-ကက်ရှ်မီးယား အုပ်ချုပ်ရေးအဖွဲ့ ကျင်းပ

စိုက်ပျိုးမြေများ ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဂျမူး-ကက်ရှ်မီးယား အုပ်ချုပ်ရေးအဖွဲ့ ကျင်းပ

မတ် ၁၈

ဂျမ်မူး နှင့် ကက်ရှ်မီးယား အုပ်ချုပ်ရေးအဖွဲ့သည် နောင်မျိုးဆက်သစ်များအတွက် လယ်ယာမြေများထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ အသိပညာများတိုးမြှင့်ရန် Srinagar's LalMandiတွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို မတ်လ ၁၅ ရက်က ပြုလုပ်ခဲ့သည်။

စိုက်ပျိုး ရေးကဏ္ဍသည် စီးပွားရေး၏ ကျောရိုးဖြစ်ခြင်းနှင့် ချိုင့်ဝှမ်းဒေသရှိ သိန်းနှင့်ချီသည့် လူများအား အလုပ်အကိုင်များဖန်တီးပေးခြင်းကြောင့် အနာဂတ် မျိုးဆက်များအတွက် လယ်ယာမြေများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ အသိအမြင်မြင့်မား စေရန် ယင်းအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။

 “စပါးသီးနှံတွေစိုက်ပျိုးတော့ ကျွန်တော်တို့ သစ်တောတွေကိုဖျက်ဆီးပြီး မြေတွေဆုံးရှုံး သွားခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာကျော်ကြားတဲ့ပဲ၊ ကုံကုမံပင်နဲ့ ကောက်ညှင်းဆန်တွေ စိုက်ပျိုးတဲ့မြေပေါ်မှာ အိမ်တွေဆောက်ကြတယ်။

မြေယာတွေကို ဒီနည်းနဲ့ ဘာကြောင့်အသုံးပြုနေကြတာလဲ ဆိုတာကို စဉ်းစားရမယ့်အချိန်ရောက်ပါပြီ” ဟု ကက်ရှ်မီးယားဒေသ စိုက်ပျိုးရေးဌာန ဒါရိုက်တာ မိုဟာမက်ချောင်ဒရီဘယ်က   ပြောကြားခဲ့သည်။ 

 “အရေးကြီးတယ်ဆိုရင်  လုံလောက်တဲ့ လက်ရှိ မူဝါဒတွေနဲ့ လုပ်ဆောင်ရပါမယ်” ဟု သူက ထပ်လောင်း ပြောကြားသည်။ 

 “ ကက်ရှ်မီးယားမှာ စိုက်ပျိုးရေးအတွက် မြေနေရာအလုံအလောက်မရှိတော့ပါဘူး။ မြေအများစုက သစ်တောဧရိယာတွေ ဒါမှမဟုတ် ရေခဲတွေ ဖုံးလွှမ်းထားပါတယ်။ ပြည်သူတွေပိုင်တဲ့မြေတွေမှာ မြို့ပြဖြစ်ထွန်းလာမယ်ဆိုရင်တော့ သီးနှံအထွက်လျော့ကျလာမယ့်ကိစ္စက ထိတ်လန့်စရာပါပဲ” ဟု အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ  အဂျာဟူစိန်က ဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly