အင်တာနက် အခက်အခဲကြောင့် ဒေါ်အောင်ဆန်းစုကြည် အမှုအား ရက်ရွှေ့ဆိုင်းဟု ရှေ့နေဖြစ်သူ ပြော

အင်တာနက် အခက်အခဲကြောင့် ဒေါ်အောင်ဆန်းစုကြည် အမှုအား ရက်ရွှေ့ဆိုင်းဟု ရှေ့နေဖြစ်သူ ပြော

အင်တာနက် အခက်အခဲကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မတ် ၁၅ ရက်(ယနေ့)တွင် အွန်လိုင်းမှ အမှုကြားနာမှုကို တရားရုံးက မလုပ်ဆောင်နိုင်၍ မတ် ၂၄ ရက်သို့ ရွှေ့ဆိုင်းခံရသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ တရားရေးအဖွဲ့ အကြီးအကဲက ပြေသည်။

ထိုပြင် ဖမ်းဆီးထားသည့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားပြုရန် အငယ်တန်းရှေ့နေနှစ်ဦးကိုသာ ခွင့်ပြုသည်ဟု အာဏာပိုင်များက အကြောင်းကြားလာကြောင်း ရိုက်တာက ရရှိသည့် ဗီဒီယိုမက်ဆေ့ချ်တွင် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly