ထိုင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေ စုဝေးချီတက်ပြီး ဖမ်းဆီးခံဆန္ဒပြခေါင်းဆောင်တွေ လွတ်မြောက်ရေး တောင်းဆို

ထိုင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေ စုဝေးချီတက်ပြီး ဖမ်းဆီးခံဆန္ဒပြခေါင်းဆောင်တွေ လွတ်မြောက်ရေး တောင်းဆို
Photo - AFP

မတ် ၁၄

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေဟာ မတ်လ ၁၃ ရက်က ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ်ကျောက်တိုင်ကနေ အစိုးရအိမ်တော်ဆီ စု‌ဝေးချီတက်ခဲ့ကြပြီး ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြခေါင်းဆောင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

ဒီ စုဝေးချီတက်မှုကတော့ ဖမ်းဆီးခံခေါင်း‌ဆောင်တွေအနက် တစ်ဦးဖြစ်တဲ့ ပိုင်ဒေါ်ဒင် ပြုလုပ်ခဲ့တဲ့ စုဝေးပွဲရဲ့ အဆက်တစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီ စုဝေးချီတက်မှုမှာ ပါ၀င်ခဲ့ကြသူတွေဟာ ဒရမ်တွေကို တီးရင်း ပါ၀င်ခဲ့ကြသလို နှာခေါင်းစည်းတွေလည်း တပ်ထားခဲ့ကြပါတယ်။

“ဒီနေ့ ချီတက်ရတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ၊ အကျဥ်းချခံထားရတဲ့ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေအားလုံး ပြန်လွတ်ဖို့အတွက် တောင်းဆိုဖို့ဖြစ်ပါတယ်” လို့ အသက် ၂၂ နှစ်အရွယ် ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတစ်ဦးက ပြောသွားခဲ့ပါတယ်။

“တကယ်လို့ ရဲတွေက ကျွန်တော်တို့ကို အင်အားသုံးလာမယ်ဆိုရင်လည်း ကျွန်တော်တို့ လက်တုံ့ပြန်သွားမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ အမိန့်ညွှန်ကြားချက်ကို မနာခံမှုနည်းလမ်းကိုပဲ အသုံးပြုသွားမှာပါ၊ ကျွန်တော်တို့မှာ သေနတ်တွေ၊ ဗုံးတွေလည်း မရှိပါဘူး၊ တရားမျှတမှုကို တောင်းဆိုဖို့အတွက် ကျွန်တော်တို့ဆီမှာ အပြုံးတွေနဲ့ ကျွန်တော်တို့ရဲ့လက်တွေပဲ ရှိပါတယ်” လို့ အသက် ၆၀ နှစ်အရွယ် အခြားဆန္ဒပြသူတစ်ဦးက ပြောသွားခဲ့ပါတယ်။

ယင်းနိုင်ငံမှာ ဘုရင်ကို စော်ကားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လူသိများတဲ့ ထိုင်းဒီမိုကရေစီလိုလားတဲ့ ပုဂ္ဂိုလ်သုံးဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဘန်ကောက် တရားရုံးတစ်ခုမှာ အာမခံ ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly