တပ်များ အပြီးသတ် ရုပ်သိမ်းရေးအတွက်အပြန်အလှန်လက်ခံနိုင်သည့်အဖြေတစ်ခုအိန္ဒိယနှင့်တရုတ်ရရှိ

တပ်များ အပြီးသတ် ရုပ်သိမ်းရေးအတွက်အပြန်အလှန်လက်ခံနိုင်သည့်အဖြေတစ်ခုအိန္ဒိယနှင့်တရုတ်ရရှိ

မတ် ၁၃ ၊၂၀၂၁

ထိန်းချုပ်မျဉ်းတွင် (LAC) နယ်နိမိတ်အကျပ်အတည်းဖြစ်ပွားနေစဉ်တွင်အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည်သောကြာနေ့ (မတ်လ၁၂ရက်) တွင်ထိပ်တိုက်တွေ့နိုင်သည့်နေရာများမှအလုံးစုံတပ်များရုပ်သိမ်းရေးအတွက်အပြန်အလှန်လက်ခံနိုင်သည့်အဖြေတစ်ခုရရှိခဲ့သည်။

ယနေ့ပြုလုပ်သော၂၁ကြိမ်မြောက်အိန္ဒိယ - တရုတ်နယ်စပ်ရေးရာ ညှိနှိုင်းတိုင်ပင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ထုံးလုပ်နည်း (WMCC) ဆိုင်ရာအစည်းအဝေး၌ အိန္ဒိယနှင့်တရုတ်တို့သည်လာဒက်အရှေ့ဘက်ရှိထိန်းချုပ်မျဉ်းတစ်လျှောက်အခြေအနေကိုပြန်လည်သုံးသပ်ခဲ့ကြသည်။

နှစ်နိုင်ငံအကြားကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများပြုလုပ်ရာတွင်နယ်စပ်ဒေသများတွင်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိရေးအတွက်ဆွေးနွေးခဲ့ကြသည်။

“Pangongရေကန်ရဲ့မြောက်ဘက်နဲ့တောင်ဘက်ကမ်းကတပ်တွေပြန်ဆုတ်ဖို့ကျွန်တော်တို့သဘောတူခဲ့ကြတာကနှစ်ဖက်စလုံးအတွက်ကျန်ရှိနေသေးသောပြဿနာတွေကိုလျင်မြန်စွာဖြေရှင်းနိုင်တဲ့အခြေခံအုတ်မြစ်ကိုတည်ဆောက်နိုင်ခဲ့ကြတာပါ”ဟုပြည်ပရေးရာဝန်ကြီးဌာန (MEA) မှကြေညာချက်တွင်ဖော်ပြထားသည်။

“ထိပ်တိုက်တွေ့နိုင်သည့်နေရာများမှအစောဆုံးအလုံးစုံတပ်ဆုပ်ရေးအတွက်အပြန်အလှန်လက်ခံနိုင်သည့်အဖြေရရန်အတွက်ဆွေးနွေးပွဲများကိုဆက်လုပ်သင့်ကြောင်းနှင့်ယင်းကြောင့်နှစ်ဘက်နယ်မြေအတွင်းပိုမိုကျယ်ပြန့်သောတပ်များလျှော့ချနိုင်ရေးနှင့်နယ်စပ်ဒေသများတွင်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိရေးအတွက်လုပ်ဆောင်နိုင်လိမ့်မည်ဟုကြေညာချက်တွင်ဖော်ပြထားသည်။

သံတမန်ရေးနှင့်စစ်ရေးအရလမ်းကြောင်းများမှတဆင့်ဆက်သွယ်ရေးနှင့်ဆွေးနွေးမှုများနီးကပ်စွာပြုလုပ်သွားရန်နှစ်ဘက်စလုံးကသဘောတူခဲ့ကြသည်။ကျန်ရှိနေသေးသောထိပ်တိုက်တွေ့နိုင်သည့်နယ်မြေများမှအပြီးသတ်နှစ်ဖက်တပ်များရုပ်သိမ်းနိုင်ရေးအတွက်၁၁ကြိမ်မြောက်အဆင့်မြင့်တပ်မှူးများအစည်းအဝေးကိုတက်နိုင်သမျှစောစောကျင်းပရန်သဘောတူခဲ့ကြသည်”ဟုMEA မှဖော်ပြထားသည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကိုMEA မှတွဲဖက်အတွင်းရေးမှူး (အရှေ့အာရှ) ကဦးဆောင်ခဲ့ပြီးတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏နယ်နိမိတ်နှင့်သမုဒ္ဒရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကဦးဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly