ဘာသာစကား ၃၈ မျိုး ပြောတတ်သည့် စက်ရုပ်ကို အိန္ဒိယဆရာတစ်ဦး တီထွင်

ဘာသာစကား ၃၈ မျိုး ပြောတတ်သည့် စက်ရုပ်ကို အိန္ဒိယဆရာတစ်ဦး တီထွင်

မတ် ၁၃ ၊၂၀၂၁

အိန္ဒိယနိုင်ငံ၊ IIT ဘုံဘေ၊ ကန်ဒရိယ ဝိဒရာလယမှ ကွန်ပြူတာသိပ္ပံဆရာတစ်ဦးဖြစ်သူ ဒင်းနက် ပက်တယ်သည် ဒေသစကား ၉ မျိုးနှင့် နိုင်ငံခြားဘာသာ ၃၈ မျိုး ပြောဆိုတတ်သော Shalu အမည်ရှိ စက်ရုပ်ကို တီထွင်လိုက်သည်။

ဘောလိဝုဒ် ရုပ်ရှင်ကား 'Robot' ကို ကြည့်ပြီးနောက် Hanson Robotics of Hong Kong မှ တီထွင်လိုက်သည့် 'Sophia' နှင့် တူသည့် 'Shalu' ကို ပက်တယ်က တီထွင်လိုက်ခြင်း ဖြစ်သည်။

“စွန့်ပစ် ပစ္စည်းတွေဖြစ်တဲ့ ပလက်စတစ်၊ ကတ်ထူပြား၊ သစ်သား၊ အလူမီနီယမ်တွေနဲ့ Shalu ကို တီထွင်ခဲ့ရာမှာ ၃ နှစ်ကြာခဲ့ပြီး  ရူပီး ၅ သောင်းလောက် ကုန်ခဲ့တယ်” ဟု ပက်တယ်က ပြောသည်။

“စက်ရုပ်က တစ်စုံတစ်ယောက်ကို မှတ်မိတယ်၊ အရာဝတ္တုတွေကို မှတ်သားနိုင်တယ်၊ သင်္ချာလို အထွေထွေ ဗဟုသုတနဲ့ ပတ်သက်လို့ မေးခွန်းတွေကို ဖြေကြားနိုင်တယ်။ Shalu က လူတွေကို နှုတ်ဆက်နိုင်သလို၊ စိတ်လှုပ်ရှားမှုကို ပြသနိုင်ပြီး သတင်းစာဖတ်ခြင်း၊ စာရင်းများကို ရွတ်ဆိုခြင်းနှင့် အခြားလုပ်ငန်းစဉ်များကို လည်း ဆောင်ရွက်နိုင်သည်။ ကျောင်းတစ်ကျောင်းမှာ ဆရာမတစ်ယောက်လိုဖြစ်စေ၊ ရုံးတွေမှာ ဧည့်ကြိုဖြစ်စေ လုပ်နိုင်ပါတယ်” ဟု ပက်တယ်က ပြောသည်။

စက်ရုပ်အား ပလာစတာကော်ဖြင့် တည်ဆောက်ထားသော်လည်း မျက်နှာဖုံးစွပ်တပ်ကာ မျက်နှာကို လှပအောင် လုပ်ဆောင်နိုင်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly