ဗြိတိန်က ယင်း၏နိုင်ငံသားများကို မြန်မာနိုင်ငံမှ ထွက်ခွာရန် တိုက်တွန်း

ဗြိတိန်က ယင်း၏နိုင်ငံသားများကို မြန်မာနိုင်ငံမှ ထွက်ခွာရန် တိုက်တွန်း

မတ် ၁၂

ဗြိတိန်သည် ယင်း၏ နိုင်ငံသားများကို မြန်မာနိုင်ငံမှ ထွက်ခွာကြရန် သောကြာနေ့တွင် အကြံပြုပြောကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် မြန်မာအာဏာသိမ်းစစ်အုပ်စုသည် အာဏာကို ဆက်လက်ရယူထားရန် ကြိုးပမ်းရာတွင် လူအမြောက်အမြားကို ရာဇ၀တ်မှုများ ကျူးလွန်ခြင်းကို လုပ်ဆောင်နေဖွယ် ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူက သတိပေးခဲ့သည်။


လက်ရှိ အခြေအနေများကြောင့် ဗြိတိန်က ယင်း၏ နိုင်ငံသားများကို ဖြစ်နိုင်ပါက မြန်မာနိုင်ငံမှ ထွက်ခွာကြရန် တိုက်တွန်းခဲ့သည်။ “စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး တင်းမာမှုနှင့် မငြိမ်မသက်မှုက ပျံ့နှံ့ဖြစ်ပေါ်နေသလို အကြမ်းဖက်မှု လယ်ဗယ်များကလည်း မြင့်တက်နေသည်” ဟု ဗြိတိန်က သတိပေးခဲ့သည်။

“ဆက်နေရန် မဖြစ်မနေ လိုအပ်သည့် အခြေအနေ မဟုတ်ပါက ဗြိတိန်နိုင်ငံသားများ မြန်မာကနေ ထွက်ခွာကြရန် နိုင်ငံခြား‌‌ရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံးက အကြံပြုထားသည်” ဟု ဗြိတိန် နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလစုံစမ်းစစ်ဆေးသူ သောမတ်စ် အန်ဒရူးစ်က မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး အရှိကို အရှိတိုင်း ဖြစ်သော အကဲဖြတ်သုံးသပ်ချက်တစ်ရပ် ပေးခဲ့ပြီးနောက် ယင်းကဲ့သို့ ဗြိတိန်၏ အကြံပြုတိုက်တွန်းချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly