IMF က မြန်မာ့အရေး စိုးရိမ်နေပြီး စစ်အုပ်စုနှင့် ဆက်ဆံပတ်သက်မှုအများစုကို ရပ်ဆိုင်းထား

IMF က မြန်မာ့အရေး စိုးရိမ်နေပြီး စစ်အုပ်စုနှင့် ဆက်ဆံပတ်သက်မှုအများစုကို ရပ်ဆိုင်းထား
Photo - AFP

မတ် ၁၂

မြန်မာနိုင်ငံတွင် တင်းမာမှုများ အရှိန်မြင့်နေခြင်းအပေါ် အလွန် စိုးရိမ်ပူပန်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့်ပတ်သက်ပြီး ယင်း၏ အဖွဲ့၀င်များ၏ အမြင်များ ရှင်းရှင်းလင်းလင်း မရှိသေးချိန်အထိ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်များနှင့်အကြား ဆက်ဆံပတ်သက်မှု အများစုကို မလုပ်ဘဲ ရှောင်ကြဥ်လျက်ရှိသည်ဟုလည်း IMF က ပြောခဲ့သည်။

“တင်းမာမှုတွေ အရှိန်မြင့်တက်မှု၊ ပြည်သူတွေအပေါ် သက်ရောက်မှုတို့နဲ့ပတ်သက်လို့ ကျွန်တော်တို့ အင်မတန် စိုးရိမ်နေပါတယ်” ဟု IMF ၏ ပြောရေးဆိုခွင့်ရှိသူ ဂယ်ရီ ရိုက်စ်က ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

“ခုလောလောဆယ်မှာ အဓိက အလေးထားစရာတစ်ခုကတော့ ကိုဗစ်-၁၉ အကျပ်အတည်းကို တိုက်ဖျက်ဖို့ အားထုတ်မှုတွေ ဆက်ရှိနေဖို့နဲ့ ခုခံနိုင်စွမ်းအနည်းဆုံးရှိသူတွေကို ထောက်ကူနိုင်ဖို့ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

IMF အမှုထမ်းများသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ “အချက်အလက် ရှာဖွေခြင်း ကဲ့သို့သော လယ်ဗယ်နိမ့် ပတ်သက်ဆက်ဆံမှု” များသာ ရှိနေကြောင်း ရိုက်စ်က ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly