မတ် ၉
မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုအပြီး စစ်တပ်နှင့်ရဲများ၏ ရက်စက်သောနှိမ်နင်းမှုကြောင့် ထွက်ပြေးလာနိုင်ဖွယ်ရှိသည့် ဒုက္ခသည်အမြောက်အမြားကို နေရာချထားနိုင်ရေးအတွက် ထိုင်းနိုင်ငံသည် မြန်မာနယ်စပ်အနီးရှိ ပြည်နယ်များတွင် လိုအပ်သောအဆောက်အအုံများ ပြင်ဆင်ထားသည်။
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရွန်ဖန်ဂျစ်ကော်တေသည် အိမ်နီးချင်းနိုင်ငံရှိ ပိုမိုဆိုးရွားလာသည့်အခြေအနေမှ ဒုက္ခသည်များကို လက်ခံရေး အသင့်ရှိနေမှုကို စစ်ဆေးရန် မယ်ဟောင်ဆောင်နှင့် တာ့ခ်ခရိုင်ရှိ လုံခြုံရေးတပ်ဖွဲ့များထံ မတ် ၈ ရက်က သွားရောက်ခဲ့သည်။ မဲဆောက်၊ သာဆောင်ယန်၊ မဲရာမတ်နှင့် ဖော့ဖရာခရိုင်ရှိ ဧရိယာ ခုနစ်ခုကို ဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ထားသည်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကန်ချနာဘူရီရှိ အဆောက်အအုံလေးခုသည်လည်း ဒုက္ခသည်ပေါင်း ၂ ၀၀၀ အထိ နေထိုင်နိုင်သည်။
ထိုင်းနိုင်ငံ မယ်ဆိုင်နှင့် မဲဆောက်ခရိုင်တစ်ဖက်ရှိ တာချီလိတ်နှင့် မြဝတီကဲ့သို့သော နယ်စပ်မြို့များတွင်လည်း အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများအပေါ် စစ်တပ်၏ ပြင်းထန်သောနှိမ်နင်းမှုများကို တွေ့ရသည်။














