ထိုင်ဝမ်ကို ထောက်ပံ့ခြင်းဖြင့် အန္တရာယ်ရှိသော လုပ်ရပ်ကို ရှောင်ရန် အမေရိကန်သမ္မတကို တရုတ်အစိုးရ တိုက်တွန်း

By AP
09 March 2021
ထိုင်ဝမ်ကို ထောက်ပံ့ခြင်းဖြင့် အန္တရာယ်ရှိသော လုပ်ရပ်ကို ရှောင်ရန် အမေရိကန်သမ္မတကို တရုတ်အစိုးရ တိုက်တွန်း

ထိုင်ဝမ်ကို ပံ့ပိုးပေးခြင်းဖြင့် ထောက်ခံမှုများကို ပြသခဲ့သော အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ အန္တရာယ်ရှိသည့် လုပ်ဆောင်ချက်များကို ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက သမ္မတဘိုင်ဒင်၏ အစိုးရကို သတိပေးလိုက်သည်။

ထိုင်ဝမ်ကို ထောက်ခံနေခြင်းသည် ကြီးမားသည့် ပြဿနာတစ်ရပ် ဖြစ်ကြောင်းလည်း တရုတ်ဥပဒေပြုလွှတ်တော် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ၎င်းက ပြောကြားသည်။

အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်နှင့် တရားဝင်ဆက်ဆံမှုများ မရှိခဲ့သော်လည်း ထောက်ခံမှုကို ပြသရန် သမ္မတထရမ့်က အစိုးရအဖွဲ့များ ထိုင်ဝမ်သို့ စေလွှတ်ခဲ့ခြင်းသည် တရုတ်အစိုးရကို စိတ်ပျက်စေခဲ့သည်။

“တရုတ်အစိုးရအနေနဲ့ (ထိုင်ဝမ်နဲ့ ပတ်သက်လို့) အပေးအယူလုပ်ဖို့ မရှိပါဘူး။ ထိုင်ဝမ် အရေးဟာ အရမ်းထိလွယ်ရှလွယ် ဖြစ်တယ်ဆိုတာကို အမေရိကန်အစိုးရသစ်အနေနဲ့ နားလည်ဖို့ လိုပြီး ပြီးခဲ့တဲ့ အစိုးရရဲ့ ဘောင်ကျော်တဲ့ အလုပ်၊ မီးတဲ့ ကစားတဲ့ အလုပ်တွေကို လုံးဝမလုပ်ဆောင်ဖို့ လိုပါတယ်” ဟု ဝမ်ယိက ပြောသည်။

သမ္မတဂျိူးဘိုင်ဒင်က တရုတ်အစိုးရနှင့် အရပ်ဖက်ဆန်သည့် ဆက်ဆံရေးကို ပိုမိုလိုလားသော်လည်း ထရမ့်လက်ထက်က ချမှတ်ခဲ့သည့် ကုန်သွယ်ရေး၊ နည်းပညာနှင့် လူ့အခွင့်အရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများ ကို လျော့ပါးသွားအောင် လုပ်မည့် လက္ခဏာမပြသခဲ့ပေ။ အမေရိကန်ပြည်သူများကလည်း တရုတ်နိုင်ငံအပေါ် အဆိုးမြင်မှု ပိုများလားပြီး စီးပွားရေးနှင့် မဟဗျူဟာအရ ပြိုင်ဖက်အဖြစ် သတ်မှတ်လာသည်။

ဘိုင်ဒင်အနေဖြင့် မူဝါဒမပြောင်းပါက တရုတ်အစိုးရအနေဖြင့် မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်မည်ကို မပြောကြားသော်လည်း ထိုင်ဝမ်အနေဖြင့် လွပ်လပ်ရေး တရားဝင်‌ ကြေညာခြင်းနှင့် ပြည်မကြီးနှင့် ပူးပေါင်းရန် ဆွေးနွေးမှုများ ကြန့်ကြာနေပါက ထိုင်ဝမ်ကို ဝင်ရောက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ဘိုင်ဒင်အစိုးရအနေဖြင့် ထိုင်ဝမ်အပေါ် ထောက်ခံမှုကိုပြောင်းလဲသွားမည် မဟုတ်ကြောင်းနှင့် ထိုင်ဝမ်နှင့် အလွတ်သဘော ဆက်ဆံရေးအပါအဝင် ဒေသတွင်း မိတ်ဆွေများ၊ မဟာမိတ်များနှင့် ဆက်လက် လက်တွဲသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly