အိန္ဒိယထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းကို ဗြိတိန် ရရှိမည်

အိန္ဒိယထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းကို ဗြိတိန် ရရှိမည်

အိန္ဒိယနိုင်ငံ Serum Institute (SII) မှ ထုတ်လုပ်သော AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး၁၀သန်း ရရှိမည်ဟု ဗြိတိန်အစိုးရက မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် SII သည် ဆင်းရဲသော နိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံများအတွက်Oxford တက္ကသိုလ်နှင့်အတူပူးပေါင်းကာAstraZeneca ကာကွယ်ဆေးအများအပြား ထုတ်လုပ်လျှက်ရှိသည်။

“AstraZeneca မှ COVID-19ကာကွယ်ဆေး သန်း၁၀ဝမှာယူထားပြီး၊ ဒီထဲကမှ၁၀သန်းက အိန္ဒိယရဲ့Serum Institute မှ ရရှိမှာ ဖြစ်ပါတယ်”ဟုဗြိတိန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဗြိတိန်၏ဆေးဝါးများနှင့်ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်များဆိုင်ရာစည်းမျဉ်းဥပဒေအေဂျင်စီ (MHRA) သည် AstraZeneca ကာကာကွယ်ဆေးကို ဗြိတိန်သို့တင်ပို့နိုင်ရေးအတွက် SII ရှိ ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို စစ်ဆေးခဲ့ကြောင်း ဖေဖော်ဝါရီလတွင် ရိုက်တာသတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ဤလုပ်ရပ်ကြောင့် ဆင်းရဲသောနိုင်ငံများ နစ်နာမှုများဖြစ်အောင် ချမ်းသာသော အနောက်နိုင်ငံများသည် ကာကွယ်ဆေးများကို ရယူနေသည်ဟူသော စိုးရိမ်မှုများကိုဖြစ်ပေါ်စေနိုင်သည်။

ဘင်္ဂလားဒေ့ရှ်မှ ဘရာဇီးအထိ ဆင်းရဲသောနိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိသော နိုင်ငံများသည် COVISHIELD အမှတ်တံဆိပ်ဖြစ်သော SII ၏ AstraZeneca ကာကွယ်ဆေးအပေါ် မှီခိုနေရသော်လည်း အနောက်နို်ငငံများမှ ဝယ်လိုအား မြင့်တက်လျှက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်GAVI ကာကွယ်ဆေးမဟာမိတ်တို့က ပံ့ပိုးထားသောCOVAX အစီအစဉ်အတွက်လည်း အတွက်လည်း ယင်းကာကွယ်ဆေးကို အသုံးပြုမည်ဖြစ်သည်။

ဗြိတိန်သို့ ကာကွယ်ဆေးများရောင်းချခြင်းက ဆင်းရဲသောနိုင်ငံများသို့ ကာကွယ်ဆေးများရောင်းချခြင်းအပေါ် သက်ရောက်မှုမရှိပါဟူသော SII ၏ အာမခံချက်ပေးပြီးနောက်ပိုင်း ယင်းသဘောတူညီချက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဗြိတိန်အစိုးရကဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly