ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် စင်ကာပူမှာ ရေပေါ် ဆိုလာဓာတ်အားပေးရုံ တည်ဆောက်

ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် စင်ကာပူမှာ ရေပေါ် ဆိုလာဓာတ်အားပေးရုံ တည်ဆောက်

စင်ကာပူကမ်းလွန်က ပင်လယ်မှာ နေရောင်ခြည်စုပ်ယူတဲ့ ဆိုလာပြား ထောင်ပေါင်းများစွာဟာ ရေပေါ်မှာ ခင်းကျင်းဖြန့်ကြက်ထားပါတယ်။

မြေနေရာ ရှားပါးတဲ့ မြို့ပြနိုင်ငံရဲ့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ လျှော့ချရေး ကြိုးပမ်းမှုအဖြစ် ရေပေါ် ဆိုလာဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

စင်ကာပူဟာ ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပေမယ့် စည်ပင်ဝပြောတဲ့ ဘဏ္ဍာရေးအချက်အခြာ နိုင်ငံဖြစ်နေတာကြောင့် အာရှမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အများဆုံးနိုင်ငံတွေထဲ တစ်နိုင်ငံအဖြစ် ရှိနေတာပါ။

ဒီအရေးကို အာဏာပိုင်တွေဟာ ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် မြစ်မရှိသလို လေအားလျှပ်စစ်အတွက်လည်း လုံလောက်တဲ့ လေတိုက်နှုန်း မရတဲ့ နိုင်ငံမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။

အပူပိုင်းနိုင်ငံ စင်ကာပူဟာ ဆိုလာဓာတ်အား ထုတ်လုပ်မှုကို ဖော်ဆောင်လာခဲ့ပေမယ့် လော့စ်အိန်ဂျလိစ်မြို့ရဲ့ ထက်ဝက်စာသာ ရှိတဲ့ နိုင်ငံမှာ ဆိုလာပြားတွေ တပ်ဆင်ထားရှိပြီး ဓာတ်အားထုတ်လုပ်ဖို့အတွက် မြေနေရာကလည်း အခက်အခဲပဲ ဖြစ်ပါတယ်။

ဒီအတွက် စွမ်းအင်ဓာတ်အားပေး စက်ရုံတွေကို ကမ်းလွန်တွေနဲ့ ရေလှောင်ကန်တွေ ရှိရာမှာ တည်ဆောက်ဖို့ လုပ်ဆောင်လာခဲ့ရတာပဲ ဖြစ်ပါတယ်။

“အထပ်မြင့် ခေါင်မိုးတွေနဲ့ ရနိုင်သလေက် ရှိတဲ့ မြေနေရာတွေ ကုန်သလောက်ဖြစ်လာတဲ့အခါ ဆိုလာပြားတွေ ထားရှိရမယ့် နေရာအတွက် တော်တော်လေး ရှားပါးလာခဲ့တယ်၊ ဒါကြောင့် နောက်ပိုင်းမှာ ပိုပြီး ဖြစ်လာနိုင်တာကတော့ ပင်လယ်ဧရိယာတွေမှာ ဆိုလာပြားတွေ ထားရှိတော့ဖို့ပဲ ဖြစ်တယ်”ဟု ဆိုလာဓာတ်အားပေးစက်ရုံ စီမံကိန်းတစ်ရပ်ကို လုပ်ဆောင်နေတဲ့ Sembcorp Industries ကော်ပိုရေးရှင်းက အရှေ့တောင်အာရှဆိုင်ရာ ဆိုလာစက်ရုံ အကြီးတန်းဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဂျင်တန်က ပြောပါတယ်။

ကျွန်းနိုင်ငံ စင်ကာပူဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမြင့်တက်လာတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါတယ်။ ဒီအတွက် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကို အားချင်းဖော်ဆောင်ဖို့အတွက် သတိပြုလာပေမယ့် အာဏာပိုင်တွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကတိကဝတ် ဖော်ဆောင်ချက်တွေဟာ နည်းပါးလွန်းတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly