ပညာပေးစခန်းမှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွင် ဝီဂါမျက်မြင်သက်သေ၏ အစီရင်ခံစာကို တရုတ်အစိုးရက အသုံးမဝင်စေရန် ကြိုးပမ်း

By ANI
07 March 2021
ပညာပေးစခန်းမှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွင် ဝီဂါမျက်မြင်သက်သေ၏ အစီရင်ခံစာကို တရုတ်အစိုးရက အသုံးမဝင်စေရန် ကြိုးပမ်း

ပေကျင်း။           ။ အနောက်နိုင်ငံမှ လွှတ်တော်အမတ်များက တရုတ်အနေဖြင့် မျိုးတုန်းသတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း စွပ်စွဲလျက်ရှိနေစဉ် တရုတ်အစိုးရက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်ခုနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်ခု နောက်ကွယ်မှ ဝီဂါလူမျိုး သက်သေတစ်ဦးကို အရေးမပါသည့် အခြေအနေသို့ ရောက်ရှိစေရန် ကြိုးပမ်းလျှက်ရှိသည်ဟု FR24 News သတင်းဌာနက ဖော်ပြသည်။

ရှင်ကျန်းဒေသရှိ ပညာပေးစခန်းတွင် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ ခေတ်သစ် ကျွန်ပြုခံရခြင်းနှင့် မျိုးဆက်မပွားနိုင်ရန် အတင်းအဓမ္မ လုပ်ဆောင်ခံရခြင်းတို့ ရှိခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖေဖော်ဝါရီလအတွင်းက ဖော်ပြခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဝမ်ဝင်ဘင်းက ပြီးခဲ့သည့် သီတင်းပတ်အတွင်း နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ပြန်ခဲ့သူ၏ ဓာတ်ပုံများကို ပြသကာ ရှင်ကျန်းဒေသ လိင်ပိုင်းဆိုင်ရာ စော်ကားမှုသတင်းကို ငြင်းဆိုခဲ့သည်။

ဝီဂါအမျိုးသမီးများ ကလေးမမွေးခြင်းအကြောင်း၊ လိင်ပိုင်းဆိုင်ရာ ကိစ္စနှင့် ၎င်းတို့အပေါ် အစိုးရ၏ ဆက်ဆံရေးအား ကမ္ဘာ့နိုင်ငံများက ဖိအားပေးခြင်းများကို တရုတ်က အသေးစိတ် ထုတ်ပြန်ထားကြောင်း FR24 News က ဖော်ပြခဲ့သည်။

ဂျော့တောင်းတက္ကသိုလ်မှ တရုတ်သမိုင်းပါမောက္ခ နှင့် ရှင်ကျန်းနိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ ဂျိမ်းစ်မေးလ်ဝါ့ဒ်က “ရှင်ကျန်းအမျိုးသမီးတွေရဲ့ ထွက်ဆိုချက်တွေဟာ အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို ထိခိုက်မှာ စိုးရိမ်ပုံရပါတယ်။ စခန်းမှာ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ သူတို့အနေနဲ့ အကြမ်းဖက်နှိပ်စက်ခံရပုံကို မတွေ့မြင်ရဘဲ ဘာမှ မဖြစ်သလိုပါပဲ” ဟု ပြောသည်။

ီဂါအမျိုးသမီးများသည် ‘ကလေးထုတ်စက်’ များဖြစ်သည်ဟု ရေးသားခြင်းကြောင်း တရုတ်သံရုံး၏ တွစ်တာအကောင့် ဇန်နဝါရီလအတွင်းက ရပ်ဆိုင်းခြင်း ခံခဲ့ရသည်။

အဆိုပါ စခန်းများတွင် လူဦးရေး မည်မျှရှိသည်ကို ဖော်ပြရန် တရုတ်အစိုးရက ငြင်းဆိုထားသည်။ အဆိုပါ စခန်းများရှိသည်ကို ယခင်က ငြင်းဆိုထားသော်လည်း ယခုအခါ အဆိုပါ စခန်းများသည် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းများ ဖြစ်သလို လူတိုင်း ဘွဲ့ရပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရှင်ကျန်းဒေသ၏ အင်တာနက် အစီအစဉ်ကို ကုလသမဂ္ဂက လွတ်လပ်သော စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုချက်ကို တရုတ်အစိုးရက ငြင်းဆိုထားပြီး အစိုးရ၏ တင်းကြပ်စွာ စီစဉ်သည့် ခရီးစဉ်များမှ လွဲ၍ ဂျာနယ်လစ်များနှင့် သံတမန်များအား ယင်းစခန်းများသို့ သွားရောက်ခွင့်မပြုပေ။

ဂျိုးဘိုင်ဒင်၏ အစိုးရက တရုတ်အစိုးရအနေဖြင့် ဝီဂါလူမျိုးတို့အပေါ် မျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေကြောင်း စွပ်စွဲထားသည်။ ကနေဒါနှင့် နယ်သာလန်တို့ကလည်း ယင်းကဲ့သို့ ပြောထားပြီး ဖြစ်သည်။

အမေရိကန်က ရှင်ကျန်းဒေသမှ ဝါဂွမ်းချည်မျှင်နှင့် ခရမ်းချဉ်သီးများ ဝယ်ယူခြင်းကဲ့သို့ ပိတ်ဆို့ အရေးယူခြင်းများကို တရုတ်ရင်ဆိုင်နေရသလို ပေကျင်း ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကိုလည်း သပိတ်မှောက်ရန် အနောက်နိုင်ငံ လွှတ်တော်အမတ်များက တိုက်တွန်းထားသည်။

(ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required