နိုင်ငံတကာကို စည်းရုံးရန် စစ်တပ်က အစ္စရေး ထောက်လှမ်းရေးဟောင်း၏ လော်ဘီကုမ္ပဏီကို ငှားရမ်း

By Foreign Lobby.com
06 March 2021
နိုင်ငံတကာကို စည်းရုံးရန် စစ်တပ်က အစ္စရေး ထောက်လှမ်းရေးဟောင်း၏ လော်ဘီကုမ္ပဏီကို ငှားရမ်း
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၇ ရက်က မော်စကိုရှိ ရုရှားစစ်အရာရှိတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုသို့ တက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦး။ Photo: Ministry of Defense of the Russian Federation

ပြီးခဲ့သည့် လ အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုများ ရင်ဆိုင်နေရခြင်းကြောင့် မြန်မာစစ်တပ်သည် အမေရိကန်နှင့် အခြားသော အစိုးရများကို စည်းရုံးနိုင်ရေးအတွက် အစ္စရေးထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးကို ငှားရမ်းကြောင်း Foreign Lobby မှ ရေးသားထားသည်။

နိုင်ငံတွင်းက အခြေအနေမှန်များကို ရှင်းပြနိုင်ရန်အတွက် စစ်ကောင်စီ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အစ္စရေးထောက်လှမ်းရေးဟောင်း အေရီဘန်မီနာရှီနှင့် ၎င်း၏ ကနေဒါအခြေစိုက် Dickens & Madson Canada စည်းရုံးရေးအကျိုးဆောင်ကုမ္ပဏီကို ငှားရမ်းခဲ့ကြောင်း ကြာသပတေးနေ့ လုပ်ငန်းသဘောတူညီမှုအရ သိရသည်။

ယင်း ကုမ္ပဏီသည် အမေရိကန်လွှတ်တော်နှင့် ဂျိုးဘိုင်ဒင် အစိုးရတို့အပြင် ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အစ္စရေးနှင့် ရုရှအပြင် ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂနှင့် အခြား နိုင်ငံတကာအဖွဲ့အစည်းများနှင့် အင်န်ဂျီအိုများအတွက် လော်ဘီလုပ်ပေးနေရာ ကုမ္ပဏီပဲ ဖြစ်သည်။

ကုမ္ပဏီက မြန်မာစစ်တပ်၏ တရားဝင်ငှားရမ်းမှု သဘောတူညီချက်ကို အမေရိကန်တရားရေးဝန်ကြီးဌာနသို့ လာမည့် သီတင်းပတ်အစောပိုင်း၌ တင်သွင်းမည်ဖြစ်ကြောင်း ဘန်မီနာရှီက မြန်မာနိုင်ငံမှ သောကြာနေ့ နံနက်ပိုင်း၌ တယ်လီဖုန်းအင်တာဗျူးတစ်ရပ်တွင် ပြောခဲ့သည်။ ဘန်မီနာရှီအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသို့ ဒုတိယမြောက် လာရောက်ထားသည်။ မြန်မာစစ်တပ်အတွက် ငှားရမ်း အကျိုးဆောင်ခ များများစားစား ရရှိကြောင်း ၎င်းက ပြောသော်လည်း အတိအကျပြောရန် ငြင်းဆန်သည်။

မူရင်း။   ။ https://www.foreignlobby.com/2021/03/05/myanmar-junta-hires-israeli-inte...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly