မကြယ်စင်၏ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးပြီး ပြန်ထားသွားကြောင်း ယူနန်သုဿန်အတွင်း နေထိုင်သူတွေက ပြောသည်။
မတ်လ၃ရက်နေ့က ဦးခေါင်းကျည်မှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး မတ်လ ၄ ရက်နေ့က ဂူသွင်းသဂြိုလ်ခဲ့သူ မကြယ်စင်ရဲ့ ရုပ်အလောင်းကို မှုခင်းဆရာဝန်၊ ရှေ့နေအပါအဝင် ရဲနဲ့ စစ်တပ်ပူးပေါင်းအဖွဲ့က လာရောက်တူးဖော်ကာ ခွဲစိတ်မှုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
"ခေါင်းကို ခွဲစိတ်တယ်။ ပြီးတော့ လက်တစ်စစ်လောက်ရှိတဲ့ အရာတစ်ခုတွေ့တယ်ဆိုတဲ့ အသံကြားလိုက်တယ်။ ကျွန်တော်တို့က အဝေးကဆိုတော့ ဘာလဲဆိုတာ သေချာမမြင်လိုက်ရဘူး။"ဟု သုဿန်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
မနေ့ညနေ လေးနာရီခွဲအချိန်ခန့်က အဆိုပါပူးပေါင်းအဖွဲ့တွေ ရောက်ရှိလာပြီး သုဿန်တံခါးများအကုန်ပိတ်ကာ သုဿန်ဝန်ထမ်းများကို ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ရန်နှင့် အနားမကပ်ရန် သတိပေးမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ည ၇ နာရီအကျော်တွင် မကြယ်စင်၏ ရုပ်အလောင်းကို ဂူအတွင်းပြန်လည်ထည့်ပေးကာ စစ်ကားနဲ့ရဲကားများက ကျေးရွာအတွင်းက ဖြတ်မပြန်ဘဲ လမ်းလွှဲမှ ပြန်သွားကြောင်း သိရသည်။
၄င်းတို့ ပြန်ပြီးနောက် အုတ်ဂူနံဘေး၌ သွေးစွန်းနေသော လက်အိတ်များ၊ ခွဲစိတ်ခန်းသုံး အကျီ်၊ဖိနပ်တို့ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
မကြယ်စင်၏ရုပ်အလောင်းကို ခွဲစိတ်တာမှန်သော်လည်း ပြန်ထားသွားကြောင်းမျက်မြင်သက်သေပြော မဇ္ဈိမ မကြယ်စင်၏ ရုပ်အလောင်းကို...
Posted by Mizzima - News in Burmese on Friday, March 5, 2021














