ဘန်ကောက်ရှိ ကုလရုံးရှေ့၌ ထိုင်း‌ရောက်မြန်မာတွေ စုဝေးပြီး မြန်မာအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ

ဘန်ကောက်ရှိ ကုလရုံးရှေ့၌ ထိုင်း‌ရောက်မြန်မာတွေ စုဝေးပြီး မြန်မာအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ
Photo: EPA

မတ် ၅

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ရာနဲ့ချီတို့ဟာ ယမန်နေ့ မတ်လ ၄ ရက်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးတစ်ရုံးရှေ့မှာ စု‌ဝေးပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြပွဲတွေအပေါ် လူအသက်သေစေတဲ့အထိ အကြမ်းဖက်ဖြိုခွင်းမှုတွေကို ဆန့်ကျင်ရင်း ဘန်ကောက်ရှိ ကုလသမဂ္ဂ ESCAP (အာရှနှင့် ပစိဖိတ်ဆိုင်ရာ လူမှုစီးပွားကော်မရှင်) ရုံးအဆောက်အအုံအပြင်ဘက်မှာ ထိုင်းရောက်မြန်မာတွေ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုမှာတော့ လူအများအပြားဟာ ဖယောင်းတိုင်တွေ ကိုင်ထားခဲ့ကြသလို မြန်မာအာဏာသိမ်းမှုအပေါ် ကုလသမဂ္ဂဘက်က အရေးယူဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်ဖြိုခွင်းမှုအတွင်း သွေးထွက်သံယိုဖြစ်မှု အများဆုံးနေ့နောက်ပိုင်း ယမန်နေ့ ကြာသပတေးနေ့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ နိုင်ငံတ၀န်းလမ်းတွေပေါ်မှာ ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အရပ်သားတွေကို သတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂက တိုက်တွန်းသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly