ကမ္ဘာ့နိုင်ငံများအပေါ် လွှမ်းမိုးရေး တရုတ် အရှိန်မြှင့် လုပ်ဆောင်မည်

ကမ္ဘာ့နိုင်ငံများအပေါ် လွှမ်းမိုးရေး တရုတ် အရှိန်မြှင့် လုပ်ဆောင်မည်

ခေတ်မီနည်းပညာနှင့် တီထွင်ဖန်တီးမှုများ ပါဝင်သည့် နည်းလမ်းများကို အသုံးပြု၍ ထိုင်ဝမ်အပါအဝင် ပြည်တွင်းအပြင် နိုင်ငံတကာ အသိုင်းအဝန်းများကိုပါ လွှမ်းမိုးနိုင်ရေးအစီအစဉ်အား တရုတ်ကွန်မြူနစ်ပါတီက တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်သည်။

ရှင်ကျန်း၊ ဟောင်ကောင်၊ ကိုရိုနာဗိုင်းရပ်ပြဿနာနှင့် အင်ဒို-ပိစိဖိတ်ဒေသ အပါအဝင် ကိစ္စအတော်များများနှင့် ပတ်သက်၍ ကမ္ဘာနိုင်ငံများ၏ မကျေနပ်မှုများ ကြုံတွေ့နေရသောကြောင့် တရုတ်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်သည့် အစီအစဉ်အား လုပ်ဆောင်ရန် ပြင်ဆင်ထားသည်။ ယင်းအစီအစဉ်အတွက် ဇန်နဝါရီအစောပိုင်းက ပေါင်းစုထားသည့် ရှေ့ပိုင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို ပြန်လည်သုံးသပ်ရန် တရုတ်ကွန်မြူနစ်ပါတီ (CPC) က လုပ်ဆောင်ခဲ့သည်။

ထိုင်ဝမ်အစိုးရက ထောက်ပံ့ထားသည့် အလွတ်တန်း အကြံပေးပညာရှင်များ၏ Institute for National Defense and Security Research ဌာနမှ ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ခဲ့သည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အစီရင်ခံစာတစ်ခုတွင် အဆိုပါဌာန၏ သုတေသနပညာရှင် လင်ချိန်ယွန်းက “တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ပြည်တွင်းအဆင့်ကနေ နိုင်ငံတကာအသိုက်အဝိုင်းအထိ လွှမ်းမိုးနိုင်မယ့် အစီအစဉ်ကို CPC က လုပ်ဆောင်နေကြောင်း၊ ခေတ်မီနည်းပညာနှင့် ဖန်တီးထားသည့် နည်းလမ်းတို့ကို အသုံးပြုမှာဖြစ်ကြောင်းနှင့် ထိုင်ဝမ်သည် အဓိက ပစ်မှန်ထားသည့် နေရာဖြစ်နေကြောင်း ပြောသည်။

ဇန်နဝါရီ ၅ ရက်တွင် CPC ဗဟိုကော်မတီသည် ညီညွတ်သော တပ်ဦးနှင့် သက်ဆိုင်သည့် ပြန်လည်သုံးသပ်ထားသော စည်းမျဉ်းများကို ထုတ်ပြန်ခဲ့သည်။

ညီညွတ်သော တပ်ဦးကို ပါတီပေါင်းစုံ၏ မတူညီသော နိုင်ငံရေး အင်အားစုများအဖြစ် ပါတီ၏ အကျိုးစီးပွားကို တိုးတက်အောင် လုပ်ဆောင်ရန် CPC က အဓိပ္ပါယ် သတ်မှတ်ထားသည်။

ညီညွတ်သည့် မဟာမိတ်တပ်ကို နိုင်ငံတကာကျွမ်းကျင်သူများက စောင့်ကြည့်လာခဲ့သည်။

၂၀၂၁ ခုနှစ်တွင် CPC သည် မမြင်ရသော စိတ်လှုပ်ရှားမှုနှင့် သက်ဆိုင်သော ဗိုင်းရပ်ဆော့ဖ်ဝဲကို အသုံးပြုခဲ့ဖွယ်ရှိသည်။ ထိုင်ဝမ်နှင့် ထိုင်ဝမ်-တရုတ်တို့အကြား ပြသနာများနှင့် ပတ်သက်၍ ထိုင်ဝမ်တွင် မိတ်ဆွေဖွဲ့နိုင်သမျှ ဖွဲ့ပြီး တရုတ်နှင့် ထိုင်ဝမ်ပြန်လည် ပူးပေါင်းရေးကို ထောက်ခံသူတို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly