ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုအပေါ် အာရုံစူးစိုက်နေစဉ် ရှင်ကျန်းတွင် မွေးဖွားနှုန်း သိသိသာသာ ကျဆင်းလာ

By HindunistanTimes
04 March 2021
ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုအပေါ် အာရုံစူးစိုက်နေစဉ် ရှင်ကျန်းတွင် မွေးဖွားနှုန်း သိသိသာသာ ကျဆင်းလာ

တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ်ဝေဖန်မှုများကြီးထွားနေစဉ် တရုတ်အစိုးရမှ ထုတ်ပြန်သောလူဦး ရေစာရင်းဇယားများအရ ရှင်ကျန်းပြည်နယ်တွင် မွေးဖွားနှုန်း သိသိသာသာ ကျဆင်းလျက်ရှိသည်။

၂၀၁၉ ခုနှစ်အထိ ဟောင်ကောင်လွတ်လပ်သောပုံနှိပ်မီဒီယာ (HKFP) မှ ကိုးကားထားသောကိန်းဂဏန်းများအရ နှစ်နှစ်အတွင်း သုံးပုံနှစ်ပုံခန့် မွေးဖွားနှုန်းကျဆင်းသွားခဲ့သည်။

ရှင်ကျန်းရှိ ဝီဂါလူဦးရေထိန်းချုပ်မှုကို အတင်းအကျပ်လုပ်ဆောင်နေသည်ဟူသော သတင်းများကြောင့် ပေကျင်းအပေါ်ဖိအားများပြားလာပြီးနောက်မှ မွေးဖွားမှုနှုန်း ရုတ်တရက်ကျဆင်းမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရှင်ကျန်းတွင် မွေးဖွားမှုနှုန်းသည် ထက်ဝက်နီးပါးနီးပါးကျဆင်းသွားပြီး ၂၀၁၇ ခုနှစ်တွင် ၁၅.၈၈ ရာခို်ငနှုန်း မှ ၂၀၁၉ ခုနှစ်တွင် ၈.၁၄ ရာခို်ငနှုန်း အထိကျဆင်းသွားကြောင်း HKFP သို့ ရေးသားပေးသူ ရိုဒါကေဝမ်က ပြောကြားခဲ့သည်။

တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ နှစ်စဉ်ထုတ်ပြန်သောအစီရင်ခံစာအရ "တရုတ်နိုင်ငံ၏ မွေးဖွားမှုနှုန်း တစ်နိုင်ငံလုံးပျမ်းမျှနှုန်းထားသည် တစ်ချိန်တည်းမှာပင် ၂ ရာခိုင်နှုန်းသာ ကျဆင်းသွားသည်။

တရုတ်နိုင်ငံ၏ စာရင်းအင်းနှစ်ချုပ်စာအုပ်တွင် ဖော်ပြထားသောအလားတူ ကိန်းဂဏန်းများအရ ရှင်ကျန်းတွင် လူဦးရေတိုးပွားမှုနှုန်းသည် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သုံးပုံနှစ်ပုံအထိကျဆင်းသွားပြီး ပထမနှစ်တွင် ၁၁.၄၀ ရာခို်ငနှုန်း မှ ၆.၁၃ ရာခို်ငနှုန်း သို့ ကျဆင်းသွားပြီး၊ ဒုတိယနှစ်တွင် ၃.၆၉ ရာခို်ငနှုန်း သို့ ကျဆင်းသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly