မြန်မာတွင် ဖိနှိပ်မှုများ ချက်ချင်းအဆုံးသတ်ရေး ပြင်သစ် တိုက်တွန်း

 မြန်မာတွင် ဖိနှိပ်မှုများ ချက်ချင်းအဆုံးသတ်ရေး ပြင်သစ် တိုက်တွန်း
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Photo: EPA)

မတ် ၄

မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအပေါ် အာဏာသိမ်းစစ်အုပ်စု၏ ဖိနှိပ်မှုများ ချက်ချင်း အဆုံးသတ်ရေးအတွက် ပြင်သစ်နိုင်ငံဘက်က တိုက်တွန်းတောင်းဆိုကြောင်း သမ္မတ အီမန်နျူရယ် မက်ခရွန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသူအားလုံး ပြန်လည်လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် ပြင်သစ်နိုင်ငံအနေဖြင့် တောင်းဆိုကြောင်း မက်ခရွန်က ပြောခဲ့သည်။

“ကျွန်တော်တို့က ခင်ဗျားတို့ဘက်က ဖြစ်ပါတယ်” ဟု မက်ခရွန်က တွစ်တာတွင် ရေးခဲ့ပြီး ဆန္ဒပြပွဲများနှင့်ပတ်သက်၍ ၎င်းရဲ့ သဘောထားကို ထုတ်ဖော်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဟူးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြသူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required