ကမ္ဘာ့ဈေးအသက်သာဆုံး ထုတ်လုပ်မှုကုန်ကျစရိတ်ဖြစ်အောင် လုပ်ပေးမည်ဆိုသော မက်လုံးများဖြင့် အိန္ဒိယကTesla ကို ဆွဲဆောင်

ကမ္ဘာ့ဈေးအသက်သာဆုံး ထုတ်လုပ်မှုကုန်ကျစရိတ်ဖြစ်အောင် လုပ်ပေးမည်ဆိုသော မက်လုံးများဖြင့် အိန္ဒိယကTesla ကို ဆွဲဆောင်

Tesla က စက်ရုံ လာရောက် ဖွင့်လှစ်နိုင်ရေးအတွက် အိန္ဒိယက မက်လုံးများပေးကာ ဆွဲဆောင်လိုက်သည်။

Tesla မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းကလည်း မကြာသေးမီက ယင်းအစီအစဉ်ကို စဉ်းစားလျှက်ရှိသည်။ အမှုဆောင်အရာရှိချုပ် အယ်လွန်မက်က ပြီးခဲ့သည့် အောက်တိုဘာလက ယခုနှစ်အတွင်း အိန္ဒိယ၌ကားများကို သေချာပေါက်ရောင်းချမည်ဟု ပြောကြားခဲ့ပြီး၊ ကားအရောင်းပြခန်းများဖွင့်လှစ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းလည်း ဇန်နဝါရီလတွင် အတည်ပြုခဲ့သည်။

အိန္ဒိယသယ်ယူပို့ဆောင်ရေးဝန်ကြီး နီတင်ဂက်ကာရီက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ရာတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ စက်ရုံထက် အိန္ဒိယတွင် ထုတ်လုပ်မှုကုန်ကျစရိတ်သည် ပိုမိုနည်းပါးစေရမည်ဟု အစိုးရကTesla ကို ကမ်းလှမ်းလိုက်ကြောင်း ဆိုသည်။

Tesla က တင်သွင်းလာသော အစိတ်အပိုင်းများကို အသုံးပြုပြီးတပ်ဆင်မှုပြုလုပ်ခြင်းထက် တိုင်းပြည်တွင် ထုတ်လုပ်မှုလုပ်ငန်းစဉ်အပြည့်အစုံတစ်ခုလုံး တည်ဆောက်ခြင်းကို တွေ့မြင်လိုကြောင်း ဂက်ကာရီက ဆိုသည်။

“အိန္ဒိယမှာ ကားတွေ တပ်ဆင်မယ့်အစား ပြည်တွင်းလုပ်ငန်းရှင်တွေကို ငှားရမ်းပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ပြည်တွင်းမှာပဲ လုပ်သင့်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ကလဲ အထူးအခွင့်ရေးတွေ ကောင်းကောင်းပေးနိုင်ပါတယ်"ဟု ဂက်ကာရီက ဆိုသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အကြီးဆုံးကားဈေးကွက်ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်က ရောင်းခဲ့သော ကားအစီးရေ ၂ ဒသမ ၄သန်းအနက် လျှပ်စစ်ကားစီးရေ ၅၀ဝဝ သာ ပါဝင်ခဲ့သည်။ ကာဗွန်ထုတ်လွှတ်မှုမရှိသည့် ကားထုတ်လုပ်ရေးလုပ်ငန်းများကို ထောက်ပံ့ခြင်းဖြင့် အစိုးရက ပြောင်းလဲမှုများ ဖော်ဆောင်ရန် မျှော်လင့်လျှက်ရှိသည်။

“ဒေလီနှင့်မွန်ဘိုင်းအကြား ပြေးဆွဲမည့် အလွန်မြန်သော မြန်နှုန်းမြင့် hyperloop တည်ဆောက်ခြင်းလုပ်ငန်းတွင်လည်းTelsa ကို ပါဝင်လုပ်ကိုင်စေလိုပြီး ယင်းက နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စဖြစ်ကြောင်း ဂက်ကာရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly