ကမ္ဘောဒီးယားရှိ တရုတ်နိုင်ငံသားများအကြား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ

ကမ္ဘောဒီးယားရှိ တရုတ်နိုင်ငံသားများအကြား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ

ဖနွမ်းပင်

ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်နေထိုင်သည့် တရုတ်အသိုက်အဝန်းများအကြား ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေကြောင်း မီဒီယာသတင်းများတွင် မတ် ၂ ရက်က ဖော်ပြခဲ့ကြသည်။

တရုတ်နိုင်ငံသားများသည် ပြည်ပသို့ ခရီးသွားရန် ဆေးစစ်မှု ခံယူရာ၌ ရောဂါကူးစက်ခံထားရမှုကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရှိခဲ့ရသောကြောင့် ၎င်းတို့ အကြား ရောဂါဖြစ်ပွားမှုများ ပျံ့နှံ့နေမည်ကို စိုးရိမ်ဖွယ်ရာရှိကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားသည်။

“၃၂ ဦးအထိ ရောဂါကူးစက်ခံထားရတာတွေ့လို့ ကျွန်တော်တို့အတွက် ဆိုးရွားတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ဒီနေ့တွေတဲ့ ကူးစက်ခံရသူအားလုံးဟာ တရုတ်နိုင်ငံသားတွေပဲ ဖြစ်ပါတယ်” ဟု ဟွန်ဆန်က နိုင်ငံပိုင် ရုပ်သံမှ ထုတ်လွှင့်သည့် မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

တရုတ်စီးပွားရေးလုပ်ငန်းအများအပြား လုပ်ကိုင်လာခြင်းကြောင့် ကမ္ဘောဒီးယား ပြည်သူများအကြား တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်မြင့်တက်နေပြီး ယခုကဲ့သို့ ရောဂါဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံသားများ ခွဲခြား ဆက်ဆံခြင်းမပြုကြရန် ဟွန်ဆန်က ပြည်သူများကို တိုက်တွန်းထားကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ ဇစ်မြစ်စတင်သည်ဟု ယူဆရသည့် ကိုရိုနာဗိုင်းရပ်စ်သည် ယခုအခါ ကမ္ဘာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly