ရှင်ကျန်းဒေသတွင် သွေးအားနည်းရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားနေခြင်းက လူငယ်များ အာဟာရချို့တဲ့နေမှုကို ဖော်ပြနေ

By Justearth News
03 March 2021
ရှင်ကျန်းဒေသတွင် သွေးအားနည်းရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားနေခြင်းက လူငယ်များ အာဟာရချို့တဲ့နေမှုကို ဖော်ပြနေ

တရုတ်သုတေသီများ ပြုလုပ်ခဲ့သော သီးခြားလေ့လာမှုနှစ်ခုအရ တရုတ်နိုင်ငံ အနောက်ဘက်စွန်းပိုင်းရှိ ရှင်ကျန်းဒေသတွင် အာဟာရချို့တဲ့မှုမြင့်တက်လာနေကြောင်း တွေ့ရှိခဲ့ရသည်ဟု မီဒီယာသတင်းများက ဆိုသည်။

အာဟာရချို့တဲ့မှုကို အထူးသဖြင့်ကလေးငယ်များနှင့် ဆယ်ကျော်သက်များကြားတွင် တွေ့ရှိနေသည်။

ဒေသတွင်းတွင် စီးပွားရေးတိုးတက်မှုများရှိသော်လည်း ယင်းကဲ့သို့ ဖြစ်ပွားနေကြောင်း သတင်းများတွင် ဖော်ပြသည်။

ရှင်ကျန်းတွင် နေထိုင်သူ အသက်၁၅နှစ်နှင့်အထက် ၁၆ရာခိုင်နှုန်းခန့်တွင် သွေးအားနည်းရောဂါရှိကြောင်း၊ ပုံမှန်ထက်သွေးနီဥများ စုဝေးမှုနည်းပါးခြင်းဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ရှင်ကျန်းတွင် သွေးအားနည်းရောဂါဖြစ်ပွားမှုသည် တစ်နိုင်ငံလုံး ပျမ်းမျှဖြစ်ပွားမှုနှုန်းထက် ၂၃ရာခိုင်နှုန်း ပိုမိုများပြားပြီး၊ ယင်းရောဂါသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျဆင်းနေသော်လည်း၊ ရှင်ကျန်းတွင်မူ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဝ.၁၁ရာခိုင်နှုန်းတိုးလာနေပြီး ဖြည်းဖြည်းချင်းမြင့်တက်လာနေသည်ဟု သတင်းစာက ဆိုသည်။

COVID-19 ဖြစ်ပွားမှုကို တရုတ်နိုင်ငံက တိုက်ဖျက်နေသည့် အချိန်တွင် အဆိုပါလေ့လာမှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယင်းသေစေနိုင်သော ဗိုင်းရပ်စ်ပိုးသည် တရုတ်နိုင်ငံမှဖြစ်သည်ဟု ယုံကြည်ရပြီး ကမ္ဘာအနှံ့ပျံ့နှံ့သွားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly