အစောပိုင်းလများအတွင်း Covid ဇာစ်မြစ်ရှာဖွေရေးအတွက် တရုတ်က အနည်းငယ်သာ လုပ်ဆောင်ခဲ့ကြောင်း WHO ပြော

အစောပိုင်းလများအတွင်း Covid ဇာစ်မြစ်ရှာဖွေရေးအတွက် တရုတ်က အနည်းငယ်သာ လုပ်ဆောင်ခဲ့ကြောင်း WHO ပြော

ရောဂါဖြစ်ပွားပြီး ပထမရှစ်လအတွင်း ဝူဟန်ရှိ Covid-19 ရောဂါကူးစက်မှု၏ မူလအစကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို တရုတ်အာဏာပိုင်များက အနည်းငယ်သာပြုလုပ်ခဲ့သည်ဟု ဂါးဒီးယန်းသတင်းစာက တွေ့ မြင်ခဲ့ရသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဌာနတွင်း စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သွားရောက်လေ့လာအပြီး ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော အကျဉ်းချုပ်အစီရင်ခံစာတွင် တရုတ်ဗိုင်းရပ်စ်ပိုး၏ဇာစ်မြစ်ရှာဖွေရေးမစ်ရှင်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် တရုတ်လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံခဲ့သည့်အဖွဲ့သည် ထိုအချိန်က သတင်းအချက်အလက်အသစ်များကို အကန့်အသတ်ဖြင့်သာ ရရှိခဲ့ကြောင်း၊ တရုတ်အရာရှိများနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုများအတွင်းတွင်လည်း မည်သည့်စာရွက်စာတမ်းမှ သို့မဟုတ် ရေးသားထားသည့် အချက်အလက်မျာ းမရရှိခဲ့ကြောင်း ဆိုသည်။

ပြီးခဲ့သည့် နွေရာသီအစီရင်ခံစာတွင်ကမ္ဘာလုံးဆိုင်ရာ ရောဂါကူးစက်မှုနှုန်းသည်သန်း၂၀သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရေးသားခဲ့ပြီး WHO ၏ သိပ္ပံပညာရှင်များသည် တရုတ်နိုင်ငံ၏ဖြစ်ပွားမှုကို လေ့လာရန် အစောပိုင်း ကြိုးပမ်းမှုများတွင် မည်ကဲ့သို့ အဟန့်အတားကြုံခဲ့ရသည်သိမြင်စေခဲ့သည်။

တရုတ်၏ပူးပေါင်းဆောင်ရွက်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဘိုင်ဒန်အစိုးရက ထုတ်ပြန်လိုက်ပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ၎င်း၏အဆင့် အတန်းမြင့်မားမှုကို ထိန်းသိမ်းရန်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် လိုအပ်လာသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကျန်းမာရေး အရေးပေါ်အခြေအနေများကိုကာကွယ်ခြင်းနှင့် တုန့်ပြန်မှုများပြုလုပ်ရန်အတွက် “ပွင့်လင်းမြင်သာပြီး အားကောင်းသည့်”လုပ်ငန်းစဉ်တွင်ပါဝင်ရန် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်ကလည်း ရောဂါဖြစ်ပွားမှု၏ အစောဆုံးနေ့များမှ သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာရန်နှင့် တရုတ်အပါအဝင်နိုင်ငံအားလုံးကို တောင်းဆိုခဲ့သည်။

ဂါးဒီးယန်းက တွေ့မြင်ခဲ့သည့် ၂၀၂၀ပြည့်နှစ် သြဂုတ်လ WHO ၏အတွင်းရေးစာရွက်စာတမ်းတွင် အမေရိကန်ကို စိတ်ပျက်ဒေါသထွက်စေသည့် အခြေအနေများနှင့် ပတ်သက်၍ သဲလွန်စအချို့ကို ဖော်ပြထားသည်။

စာမျက်နှာ ၂ မျက်နှာပါသော သွားရောက်စစ်ခဲ့သည့် အစီရင်ခံစာသည် WHO ၏ အစီအစဉ်မန်နေဂျာနှင့် အဖွဲ့ခေါင်းဆောင် ပီတာဘန်းအမ်ဘာရက်၏ ၂၀၂၀ပြည့်နှစ် ဇူလိုင် ၁၀ ရက်မှ သြဂုတ် ၃ ရက်အတွင်း ခရီးစဉ်ဆိုင်ရာ အစီရင်ခံစာဖြစ်ပြီး ယင်းကို အဆင့်မြင့် WHO စုံစမ်းရေးအဖွဲ့ဟု ဖော်ပြထားပြထားကာ Covid-19 ဗိုင်းရပ်စ်ကို လေ့လာရန်နှင့် ဗိုင်းရပ်စ်၏မူလအစနှင့် ပတ်သက်၍ ယခုအချိန်ထိ လုပ်ဆောင်ချက်များကို သုံးသပ်ရန်ဖြစ်သည်။

အကျဉ်းချုပ်အနေဖြင့် သွားရောက် စစ်ဆေးလေ့လာခဲသည့် အစီရင်ခံစာတွင် စစ်ဆေးရေးအဖွဲ့သည် ၂ ပတ်ကြာ သီးသန့်နေခဲ့ရပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ၁၀ရက်ကြာ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် အမျိုးသားကျန်းမာရေးကော်မရှင်၊ ဈေးကွက်စည်းမျဉ်းဆိုင်ရာ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနနှင့် Wuhan Institute of Virology အပါအဝင်တခြားအေဂျင်စီများ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly