ဗြိတိန်မွတ်စလင် ၂၀ ရာခိုင်နှုန်းက ဂျီဟတ်လိုလားသလား

ဗြိတိန်မွတ်စလင် ၂၀ ရာခိုင်နှုန်းက ဂျီဟတ်လိုလားသလား

လန်ဒန်၊ နိုဝင်ဘာ - ၂၄ ။         ။ နိုဝင်ဘာ ၂၃ရက်နေ့က ဗြိတိန်သတင်းစာ The Sun၏ မျက်နှာဖုံးပါ မဲစစ်တမ်းသတင်းတစ်ပုဒ်အရ ဗြိတိသျှမွတ်စလင် ၅ဦးလျှင် တစ်ဦးမှာ ဂျီဟတ်များကို စာနာစိတ်ရှိကြသည်ဟု ဆိုသည်။

နိုဝင်ဘာ ၁၃ရက် ပါရီတိုက်ခိုကမှုများ၏ နောက်ဆက်တွဲအနေဖြင့် ဥရောပနိုင်ငံများတွင် ပြည်တွင်းအစွန်းရောက်ဝါ ကြီးထွားလာမှုကို အသီးသီး စိုးရိမ်နေကြရာ ဗြိတိန်အနေဖြင့်လည်း ဗြဟ္မာ့ဦးခေါင်းကိုင် ထားရသလို ပြဿနာရှိနေသည်ကို ဤစစ်တမ်းက သက်သေပင်ဖြစ်သည်။

သို့ရာတွင် လေ့လာသူများက စစ်တမ်းကို စေ့ငုလာခဲ့ကြရာ The Sunမှာ ရလဒ်များကို ချဲ့ကားလွန်းကြောင်း တွေ့ရှိလာခဲ့ကြပြီး စစ်တမ်းပြုစုပုံ ပြုစုနည်းကိုလည်း သံသယဝင်လာခဲ့ကြသည်ဟု ဆိုသည်။

မဲစစ်တမ်းပြုစုခြင်းမှာ အမှန်ရရန်မဖြစ်နိုင်သလောက် ဉာဏ်များလွန်းသည့်အရာပင်ဖြစ်ညပီး အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒလို အကြောင်းအရာများဆိုလျှင် ပို၍ ခက်ခဲလေ့ရှိသည်။

ယမန်နှစ်က လူသိများလှသည့် မဲစစ်တမ်းတစ်ခုအရ ပြင်သစ်နိုင်ငံသား ၆ယောက်တွင် တစ်ယောက်နှုန်းမှာ အိုင်အက်စစ်သွေးကြွအုပ်စုကို ထောက်ခံသည်ဟုဆိုရာ ထိုကိန်းဂဏန်း များအရ ပြင်သစ် မွတ်စလင်တိုင်းလိုလိုက အစွန်းရောက်များကို ထောက်ခံသကဲ့သို့ ဖြစ်နေသည်။ ပြင်သစ်နိုင်ငံတွင် နေထိုင်သည့် မွတ်စလင်ဦးရေမှာလည်း ၅ရာခိုင်နှုန်းမှ ၁၂ရာခိုင်နှုန်းအထိ တရိပ်ရိပ် တိုးလာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly