ပါကစ္စတန်အစိုးရ ထောက်ပံ့ပေးထားသည့် တစ္ဆေမင်စာတစ်ဦးကို ဖော်ထုတ်တွေ့ရှိ

By ZEE5
02 March 2021
ပါကစ္စတန်အစိုးရ ထောက်ပံ့ပေးထားသည့် တစ္ဆေမင်စာတစ်ဦးကို ဖော်ထုတ်တွေ့ရှိ

အစ္စလာမာဘတ် (ပါကစ္စတန်)

ဖာဟန်ဗွီအာ့ခ်သည် ပါကစ္စတန်အစိုးရက ထောက်ပံ့ပေးထားသည့် နာမည်ဆိုးနှင့် ကျော်ကြားသော ဒစ်ဂျစ်တယ်ညွှန်ကြားကွပ်ကဲသူတစ်ဦးဖြစ်သည်။ သူသည် hashtag များသုံး၍ Twittersphere တွင် ပါကစ္စတန်အစိုးရအတွက် ဝါဒဖြန့်ချိပေးရသူဖြစ်ပြီး အထူးသဖြင့် အိန္ဒိယကို ပစ်မှတ်ထားသူဖြစ်ကြောင်း သိရှိခဲ့ရသည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။

ဗွီအာ့ခ်သည် ပါကစ္စတန်တွင် အိမ်ထောင်စုတစ်စု၏ အမည်ဖြစ်သည်။ တွစ်တာပေါ်တွင် အခမဲ့ဆောင်ရွက်ပေးသူ ၁၀၀၀ ကျော်ပါဝင်သည့် အုပ်စုကြီးကို သူက ညွှန်ကြားကွပ်ကဲရပြီး အမျိုးသားရေးလှုံ့ဆော် ဝါဒဖြန့်ချိမှုများကို လုပ်ဆောင်ကြသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တင်းမာမှု မြင့်တက်စဉ်ကာလက ပါကစ္စတန် အပေါ် အိန္ဒိယ၏ စွပ်စွဲချက်များအား ယုံကြည်မှုမရှိစေရန် ဗွီအာ့ခ်က တွစ်တာမှ လှုံ့ဆော်ခဲ့သည်။

နိုင်ငံအတွင်း မည့်သည့်အကြောင်းအရာတွင်မဆို hashtag ကို ထည့်သွင်းနိုင်ကြောင်း သူက ပြောသည်။ ဗွီအာ့ခ်က တွစ်တာတွင် ‘အီမရန်ခန်းအဖွဲ့’(Team Imran Khan) မှတစ်ဆင့် ကွပ်ကဲသည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား တင်းမာမှု မြင့်တက်စဉ်က ဗွီအာ့ခ်သည် တွစ်တာ hashtag များမှတစ်ဆင့် လိမ်ညာမှုများဖြင့် အွန်လိုင်း တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ဖော်ပြသည်။

ဗွီအာ့ခ်၏ လုပ်ဆောင်ပုံနည်းလမ်းနှင့် ညွှန်ကြားကွပ်ကဲသည့် နည်းစနစ်များက ပါကစ္စတန်၏ ဝါဒဖြန့်ချိရေးကို မည်ကဲ့သို့ အကူအညီဖြစ်စေခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနသို့ ပေးပို့သည့် ဟာရှန်ချီမာက အသေးစိတ် ရှင်းပြခဲ့သည်။

Hashtag ကို အသုံးပြုရာတွင် နိုင်ငံရေးသမားများ၊ဂျာနယ်လစ်များ သို့မဟုတ် သူ၏ အမည်ပျက်စာရင်းတွင် ရှိသူ တို့၏ ဓာတ်ပုံများကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ပြောင်းလဲကာ တွစ်တာတွင် ပြန်တင်သည်။ ဓာတ်ပုံများကို တင်ရာတွင် တစ်ခါတစ်ရံ တိကျမှုမရှိသော၊ အတည်မပြုနိုင်သော၊ စွပ်စွဲမှုများ ပါရှိသော၊ အသရေဖျက်သောပုံစံများဖြင့် အသုံးပြုသည်ဟု ချီမာ၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

ဗွီအာ့ခ်သည် ဓာတ်ပုံများနှင့် ပုံစာများကို စုဆောင်းပြီး ‘အီမရန်ခန်းအဖွဲ့’ သို့ WhatsAPP မှ တစ်ဆင့် ဖြန့်ဝေပေးကာ hashtag ဖြင့်တိုက်ခိုက်ရန် ပြင်ဆင်သည်။ သူတို့၏ ဓာတ်ပုံများနှင့် ပုံစာများ တွစ်တာတွင် စတင် အလုပ်လုပ်သည်အထိ ကျိုင်းကောင် အုပ်စုများကဲ့သို့ပင် ၎င်းတို့က တွစ်တာပေါ်တွင် လှုပ်ရှားကြသည်။

အဖွဲ့ဝင် ၃သိန်းတို့တွင် တွစ်တာအကောင့် ၂ ခုရှိပြီး (တစ်ခုရပ်ဆိုင်းခံရပါက အခြားတစ်ခုဖြင့် သုံးနိုင်ရန်) အလွတ်သဘော ပါဝင်လုပ်ဆောင်ပေးသူ ၁၀၀၀ ကျော်အဖွဲ့တို့က ‘အီမရန်ခန်းအဖွဲ့’ တွင် လှုပ်ရှားကြသဖြင့် ဗွီအာ့ခ်သည် ပါကစ္စတန် တွစ်တာလောကတွင် အထင်ကရ နေရာယူထားသူတစ်ဦး ဖြစ်သည်။

အဖွဲ့ဝင်များအတွက် ဗွီအာ့ခ်သည် အတွေးအခေါ်ကောင်းသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အစိုးရဝန်ကြီးများအတွက် သူတို့၏ ပြိုင်ဖက်များကို တိုက်ခိုက်ရာတွင်လည်းကောင်း၊ အခြားအကြောင်းအရာ တစ်ခုခုအတွက်သော်လည်းကောင်း ထိရောက်စွာ လုပ်ဆောင်ပေးနိုင်သူ တစ်ဦး ဖြစ်သည်။ ပြည်သူအများစုအတွက် သူသည် အမျိုးသားရေး hashtage လှုပ်ရှားမှုများဖြင့် တွစ်တာကို မရပ်မနား ညစ်ညမ်းအောင် လုပ်နေသည့် တစ္ဆေမင်စာ တစ်ကောင်ဖြစ်သည်ဟု အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြသည်။

‘အီမရန်ခန်းအဖွဲ့’ တွင် hashtags ပေါင်း ၄၅၀၀ နီးပါးကို အသုံးပြုထားသည်ဟု ဗွီအာ့ခ်က ပြောသည်။ “လူတွေက ကျွန်တော့် တစ္ဆေမင်စာလို့ ခေါ်ကြတယ်။ ကျွန်တော်လည်း တစ္ဆေမင်စာ ဖြစ်ရတယ်။ ဒါမျိုးသတ်မှတ်လို့ ကျွန်တော်မရှက်ပါဘူး” ဟု သူက ရယ်မော၍ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly