တရုတ်၏ သက်ကြီးလူဦးရေ များပြားမှုက ‘တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ‘ထက် ပိုမိုကြီးမားသည့် စိန်ခေါ်မှုဖြစ်နေဟု စီးပွားရေးပညာရှင်များ ပြောဆို

တရုတ်၏ သက်ကြီးလူဦးရေ များပြားမှုက ‘တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ‘ထက် ပိုမိုကြီးမားသည့် စိန်ခေါ်မှုဖြစ်နေဟု စီးပွားရေးပညာရှင်များ ပြောဆို

တရုတ်နိုင်ငံတွင် ပြည်သူများ တစ်အိမ်ထောင်လျင် ကလေးဘယ်နှစ်ယောက် ယူနိုင်သလဲဆိုသည့်အပေါ် ထားရှိသည့် ကန့်သတ်ချက်များကို ဖျက်သိမ်းရန် နီးစပ်နေခဲ့သလားဆိုသည်နှင့်ပတ်သက်ပြီး အာဏာပိုင်များဘက်မှ မတူညီကွဲလွဲသော အရိပ်လက္ခဏာထုတ်ဖော်ချက်များ ပေးထားခဲ့ပြီးနောက် ယင်းနိုင်ငံ၏ဆယ်စုနှစ်များနှင့်ချီကြာမြင့်နေခဲ့သော တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒ (one-child policy) သည် ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း လူအများ၏ တစ်ဖန်ပြန်လည်အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။

တရုတ်အာဏာပိုင်များသည် ပြည်သူများကို တစ်အိမ်ထောင်လျင် ကလေးနှစ်ဦး ယူခွင့်ပြုရန်အတွက် ပြီးခဲ့သည့်နှစ်များအတွင်း အငြင်းပွားဖွယ် တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို ပြန်ရုပ်သိမ်းထားခဲ့သည်။ သို့သော်နိုင်ငံ၌ ကလေးမွေးဖွားမှုနှုန်း ကျဆင်းနေပြီး နိုင်ငံလူဦးရေသည် အလျင်အမြန်ပင် အသက်အရွယ်ကြီးရင့်လာနေချိန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ရန်အတွက် အခြားသော အပြောင်းအလဲများ လိုအပ်ကြောင်းစီးပွားရေးပညာရှင်များက ပြောသည်။

“ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းနှစ်ခု ရှိတယ်၊ တစ်ခုက ကလေးမွေးဖွားမှု ထိန်းချုပ်မှုကို ဖြေလျှော့ဖို့ဖြစ်တယ်၊ ဒါက အနည်းအကျဥ်းတော့ အကူအညီ ဖြစ်စေမယ့်အရာဖြစ်တယ်၊ ဒါပေမယ့် သူတို့ ဒီ ထိန်းချုပ်မှုကိုအပြည့်အ၀ ဖြေလျှော့လိုက်တယ် ဆိုရင်တောင်မှ ဦးတည်ရာ အလားအလာကို ဆန့်ကျင်ဘက်ဖြစ်စေဖို့ ခက်ခဲကောင်း ခက်ခဲနိုင်တယ်” ဟု Pinpoint Asset Management ကုမ္ပဏီမှ စီးပွားရေးပညာရှင်ချုပ် ကျီ‌ဝေကျန်းကပြောသည်။

“စီးပွားရေး မူဝါဒ ရှုထောင့်တစ်ခုကနေ ကြည့်ပြီးပြောရရင်တော့ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ တစ်ခြားနည်းလမ်းက စက်မှုလုပ်ငန်းကို အခြားလုပ်ငန်းကဏ္ဍတွေအပေါ် ပိုမိုမှီခိုစေအောင် လုပ်ဖို့ ဖြစ်ပါတယ်” ဟု သူက ပြောခဲ့သည်။

တရုတ်၏ စီးပွားရေးသည် စျေးပေါသော လုပ်သား အရေအတွက်ပမာဏ များများစားစား လိုအပ်သည့်ကုန်ထုတ်လုပ်မှု ကဲ့သို့သော လုပ်ငန်းများအပေါ်တွင် ကြီးကြီးမားမား မှီခိုထားသည်။ သို့သော် လုပ်အားခ မြင့်တက်ခြင်းက တရုတ် စက်ရုံအလုပ်ရုံများကို ဆွဲဆောင်နိုင်မှုအား လျော့ကျမှုကို ဖြစ်စေလျက် ရှိပြီး တစ်ချိန်တည်းမှာပင် ပိုမိုတီထွင်ဆန်းသစ်မှု ရှိသောနိုင်ငံဖြစ်လာအောင်ကူညီရန် အလုပ်သမားများအနေဖြင့် ပိုမိုမြင့်မားသော ကျွမ်းကျင်မှု အရည်အချင်းများ လိုအပ်မည်ဖြစ်သည်။

်တရုတ်အတွက် ပို၍ကြီးမားသော ပြဿနာသည် ရှိရင်းစွဲ ပြဿနာတစ်ခုဖြစ်သည့် လုပ်သားများကုန်ထုတ်စွမ်းအားပိုင်း၌ တိုးတက်မှု ပိုမိုနှေးကွေးနေခြင်းက သက်ကြီးလူဦးရေနှင့် ပတ်သက်ဆက်နွယ်နေကြောင်းNatixis ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင်ချုပ် အလစ်စီရာ ဂါစီယာဟာရဲရိုးက ပြောခဲ့သည်။ ၏အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင်ချုပ် အလစ်စီရာ ဂါစီယာဟာရဲရိုးက ပြောခဲ့သည်။

သူမသည် တရုတ်နိုင်ငံ၌အလိုအလျောက်အလုပ်လုပ်သော စက်ကိရိယာ အသုံးပြုမှုပိုင်းအတွက် ရင်းနှီးမြှုပ်နှံမှုရသည့် ရင်းနှီးငွေအများအပြား လိုအပ်သည့် စီးပွားရေးလုပ်ငန်းများတွင် တိုးတက်ဖွံ့ဖြိုးမှုကို ပိုမို မြင်တွေ့ရမည်လားဆိုသည်ကို စောင့်ကြည့်လျက် ရှိသူတစ်ဦး ဖြစ်သည်။

တရုတ်သည် နိုင်ငံလူဦးရေ တစ်ရှိန်ထိုးတက်ခြင်းကို နှေးကွေးစေရန် အားထုတ်မှုတစ်ခုအဖြစ် ၁၉၇၀ ပြည့်နှစ်ကုန်ပိုင်းတွင် ယင်း၏ ‘တစ်အိမ်ထောင် ကလေးတစ်ဦး’ မူဝါဒကို စတင်မိတ်ဆက်ခဲ့သည်။

နိုင်ငံလူဦးရေသည် ၁၉၄၀ ပြည့်နှစ်ကာလက သန်း ၅၀၀ ကျော်ကနေ ၁၉၈၀ပြည့်နှစ်၌ တစ်ဘီလီယံကျော်အထိ နှစ်ဆတိုး ရောက်ရှိထားစေခဲ့ကြောင်း တရား၀င်ကိန်းဂဏန်းများအရ သိရသည်။

နောက်ထပ် နှစ်ပေါင်း ၄၀ ကျော်အကြာတွင် နိုင်ငံလူဦးရေသည် ၄၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ၁ ဒသမ ၄ ဘီလီယံသို့ ရောက်ရှိကာ ယင်းသည် ယနေ့ အမေရိကန်နိုင်ငံလူဦးရေ၏ လေးဆကျော်နှင့် ညီမျှသည့် ပမာဏဖြစ်သည်။

အခြားသော အဓိကကျသည့် စီးပွားရေးများနည်းတူ အိမ်၊ တိုက်ခန်း၊အဆောက်အအုံနှင့် ပညာရေး စရိတ်စက မြင့်မားမှုက တရုတ်တွင် ပြီးခဲ့သည့် နှစ်များအတွင်း ပြည်သူများကို ကလေးယူမှုကနေ အဟန့်အတားဖြစ်ထားစေခဲ့သည်။

၂၀၁၆ ခုနှစ်၌ မိသားစုများကို တစ်အိမ်ထောင်လျင် ကလေးနှစ်ဦး ယူခွင့်ပြုခဲ့သည့် အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သော်ငြား ကလေးမွေးဖွားမှုနှုန်းသည် ၂၀၂၀ တွင် လေးနှစ်ဆက်တိုက်အဖြစ် ကျဆင်းနေခဲ့ပြီး ၁၅ ရာခိုင်နှုန်းကျဆင်းကာ ၁၀ သန်းကို ရောက်ခဲ့ကြောင်း အများပြည်သူ လုံခြုံရေး အစီရင်ခံစာတစ်ရပ်၏ စိစစ်တွေ့ရှိချက်အရ သိရသည်။

“ယေဘုယျအားဖြင့်တော့ ကလေးမွေးဖွားမှု မူဝါဒကို ဖြေလျှော့တာက စီးပွားရေးဆိုင်ရာ သက်ရောက်မှုတစ်ခု သိပ်ပြီးတော့ ရှိနိုင်လိမ့်မယ်လို့ ကျွန်မတော့ မထင်ပါဘူး၊ ဘာလို့လဲဆိုတော့ မူဝါဒ ကန့်သတ်ချက်တွေကြောင့် လူဦးရေပိုင်းမှာ တိုးတက်မှု နှေးတာက ပြီးခဲ့တဲ့ နှစ် ၂၀ ကြာအတွင်း ဖြစ်ထားခဲ့ပါတယ်”ဟု Hang Seng China ၏ ရှန်ဟိုင်းအခြေစိုက် စီးပွားရေးပညာရှင်ချုပ် ဒန်၀မ်က ပြောသည်။

တရုတ်၏ အရွယ်အစားမျိုး ရှိသည့် နိုင်ငံတစ်နိုင်ငံအတွက် အထိရောက်ဆုံး မူဝါဒက ရွှေ့ပြောင်းနေထိုင်သူများကိုကြိုဆိုသွားရန်ပင် ဖြစ်လိမ့်မည်ဟု အခြားနိုင်ငံများ၏ အတွေ့အကြုံအပေါ် အခြေတည်ပြီး သူမက ပြောသည်။သို့သော် ယင်းသည်လည်း မဝေးလှသည့် ရှေ့ကာလအတွင်း အပြောင်းအလဲဖြစ်နိုင်ခြေနည်းပါးလှသည်။

မူဝါဒချမှတ်သူများ လက်ကိုင်ပြုပြီးသား ဖြစ်သည့် အခြားသော ရွေးချယ်စရာနည်းလမ်းများထဲတွင်အငြိမ်းစားယူမှု အသက်အရွယ်အပိုင်းအခြားကို တိုးမြှင့်ခြင်း၊ ရှိရင်းစွဲ လုပ်သားအင်အားထု၏အရည်အချင်းတိုးတက်စေရန် ကို စာပေပညာပိုမိုလေ့လာသင်ကြားစေခြင်း၊ စက်ပစ္စည်းများပိုမိုသုံးစေခြင်းနှင့် အသိဥာဏ်ရည်တု နည်းပညာ(AI) ကို ပိုမိုအသုံးပြုခြင်းတို့ ပါ၀င်ကြောင်း ၀မ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required