ဟောင်ကောင်နိုင်ငံရေးဆူပူအုံကြွမှုကို တရုတ် နှိမ်နင်းခြင်း၊ ဥရောပ သံတမန်များက တရုတ်ကို ရှုတ်ချ

By Justearth News
02 March 2021
ဟောင်ကောင်နိုင်ငံရေးဆူပူအုံကြွမှုကို တရုတ် နှိမ်နင်းခြင်း၊ ဥရောပ သံတမန်များက တရုတ်ကို ရှုတ်ချ
Image: Wikimedia Commons

ဘရပ်ဆဲလ်။   ။ ဟောင်ကောင်အပေါ်တရုတ်၏ နိုင်ငံရေးအရနှိမ်နင်းမှုကို ဥရောပသမဂ္ဂသည်ပစ်မှတ်ထားနေကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။

သို့သော် အတိုက်အခံများကို ဖိနှိပ်ချုပ်ချယ်မှုများ ဆက်လက်ပြုလုပ်ရန် ဥရောပသမဂ္ဂက ဟောင်ကောင်အရာရှိများအပေါ် အရေးပါသောစီးပွားရေးပိတ်ဆို့မှုများပြုလုပ်ရန် ပျက်ကွက်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ၂၇ ဦးနှင့် အဆင့်မြင့်ဥရောပသမဂ္ဂအရာရှိများပါဝင်သည့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးဝန်ကြီးများကောင်စီ၏ အစည်းအဝေးတွင် ဟောင်ကောင်သည် ထိပ်တန်းဦးစားပေး အနေဖြင့် တည်ရှိနေပြီး၊ ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန်ဖြစ်သူ Josep Borrell က ဟောင်ကောင်၏ အခြေအနေကို “ဆက်လက်ယိုယွင်းနေသည်” ဟု ရည်ညွှန်းပြောကြားခဲ့ကြောင်း The South China Morning Post သတင်းစာတွင် ဖော်ပြခဲ့သည်။

တွေ့ဆုံမှု အပြီးသတင်းစာရှင်းလင်းပွဲတွင် ပြီးခဲ့သည့်နွေရာသီက ဟောင်ကောင်အပေါ်ချမှတ်ထားသော အမျိုးသားလုံခြုံရေး ဥပဒေတွင် ယခင်တုန့်ပြန်မှုအစီအစဉ်များတွင်ထည့်သွင်းသွားမည့် “ အဆင့်နှစ်ဆင့်ပါ လုပ်ငန်းစဉ်” ဆိုင်ရာသဘောတူညီချက်ကို ပြီးခဲ့သည့် ဇူလိုင်လတွင်ထုတ်ပြန်ခဲ့သည်ဟု Borrell က အတည်ပြုပြောကြားခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာအပြောင်းအလဲမှုများအတွက် ဟောင်ကောင်နှင့် ပေကျင်းတို့ရှိ ရွေးကောက်ခံအရာရှိများ၏ကတိသစ္စာတည်မှု လိုအပ်ကြောင်း ဟောင်ကောင်အစိုးရက ကြေညာထားသည်။ ယင်းအပြောင်းအလဲက ဒေသတွင်းတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုအပေါ် နောက်ထပ်အရိပ်အမြွက်ဖော်ပြနေသည်ဟု မီဒီယာက ဖော်ပြထားသည်။

အဆိုပါရပ်တည်ချက်ကိုလိုက်နာခြင်းမရှိပါက ရွေးကောက်ပွဲအနိုင်ရသူများသည် အရည်အချင်းမပြည့်မှီခြင်းနှင့်ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ငါးနှစ်ပိတ်ပင်ခံရမည်ဖြစ်သည်။

အုပ်ချုပ်ရေးကောင်စီက မျိုးချစ်သောသူများသာအုပ်ချုပ်ခွင့်ရမည့်ဟောင်ကောင် ဟူသည့် ဥပဒေကြမ်းတစ်ခုကို အတည်ပြုခဲ့ပြီး မတ်လတွင်တင်သွင်းလိမ့်မည်ဟု ဖွဲ့စည်းပုံနှင့်ပြည်မရေးရာအတွင်းရေးမှူး Erick Tsang က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း The Guardian ကသတင်းဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly