အိန္ဒိယ၏နမူနာအတိုင်း အခြားနိုင်ငံများက လုပ်ဆောင်ဖွယ်ရှိဟု WHO အကြီးအကဲက ဝန်ကြီးချုပ် မိုဒီကို ပြော

အိန္ဒိယ၏နမူနာအတိုင်း အခြားနိုင်ငံများက လုပ်ဆောင်ဖွယ်ရှိဟု WHO အကြီးအကဲက ဝန်ကြီးချုပ် မိုဒီကို ပြော
Photo: EPA

ဂျနီဗာ၊ ဖေဖော်ဝါရီ ၂၆

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကမ္ဘာ့နိုင်ငံ ၆၀ ကျော်သို့ မျှဝေနိုင်ရန် ထုတ်လုပ်သွားမည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ကတိကဝတ်ကို WHO အကြီးအကဲ တက်ဒရော့အာဟန်နွမ် ဂီဘရီယေးဆက်က ချီးမွမ်းလိုက်ပြီး အခြားနိုင်ငံများကလည်း အိန္ဒိယ၏ နမူနာအတိုင်း လုပ်ဆောင်လာကြမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။

အိန္ဒိယက ကာကွယ်ဆေးများ ပံ့ပိုးခြင်းကြောင့် နိုင်ငံ ၆၀ ကျော်တွင် ကာကွယ်ဆေးထိုးသည့် လုပ်ငန်းစဉ်များ စတင်နိုင်ကြောင်း ဂီဘရီယေးဆက်က သူ၏ တွစ်တာပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။ “ကာကွယ်ဆေး ပံ့ပိုးပေးခဲ့တဲ့ အိန္ဒိယနိုင်ငံနဲ့ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ COVAX ကိုဗစ် ၁၉ ကာကွယ်ကြောင့် နိုင်ငံပေါင်း ၆၀ ကျော်မှာ သူတို့ရဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ ဦးစားပေး အုပ်စုများကို ကာကွယ်ဆေး ထိုးပေးနိုင်ပြီ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေက ခင်ဗျားတို့ရဲ့ နမူနာကို ယူကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်း၏တွစ်တာတွင် ရေးသားခဲ့သည်။

အိန္ဒိယသည် ဖေဖော်ဝါရီ ၂၄ ရက်က ဂါနာနိုင်ငံသို့ ပထမသုတ်အဖြစ် ကာကွဘ်ဆေး ၆ သိန်းပေးပို့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly