တရုတ်ထုတ်လုပ်ရေးကဏ္ဍ ဖေဖော်ဝါရီတွင် ၃ လမြောက်အဖြစ် ဆက်လက် အားနည်း

တရုတ်ထုတ်လုပ်ရေးကဏ္ဍ ဖေဖော်ဝါရီတွင် ၃ လမြောက်အဖြစ် ဆက်လက် အားနည်း
Photo: EPA

ပေကျင်း (အေပီ)

ပို့ကုန်နှင့် အမှာစာအသစ်များ ကျဆင်းခြင်းကြောင့် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံ၏ကုန်ထုတ်လုပ်မှုကဏ္ဍ ပြန်လည်နာလန်ထူမှုသည်တတိယလတွင်အားနည်းလာသည်ဟု မတ် ၁ ရက်တွင် ထုတ်ပြန်သော စစ်တမ်းနှစ်ခုအရသိရသည်။

ထင်ရှားသော စီးပွားရေးမဂ္ဂဇင်းCaixinမှ ထုတ်ပြန်ပေးသော လစဉ်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI) သည် ဇန်နဝါရီလတွင် ၅၁.၅မှတ်ရှိရာမှ ၅၀.၉အထိ ကျဆင်းသွားသည်။ ၁၀ဝအမှတ်ပေးစနစ်တွင် အမှတ်၅၀ကျော်ရရှိပါက လှုပ်ရှားမှုအရှိန်အဟုန် ကောင်းပါသည်။

တရုတ်နိုင်ငံ၏စာရင်းအင်းအေဂျင်စီနှင့် တရားဝင်စက်မှုလုပ်ငန်းအုပ်စုဖြစ်သော ‘ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူရေး တရုတ်အဖွဲ့ချုပ်’ ကသီးခြားထုတ်ပြန်သောPMI အညွှန်းကိန်းသည် ၅၁.၃မှ၅၀.၆သို့ ကျဆင်းသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အစောပိုင်းပြန်လည်ဖွင့်လှစ်နိုင်ခြင်းကြောင့် ထုတ်လုပ်ရေးကဏ္ဍသည်တိုးတက်ခဲ့သည်။ သို့သော်တရုတ် စားသုံးသူများအကြားတွင် စီးပွားရေး အလားအလာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုနှင့် ပြည်ပတွင် ရောဂါဖြစ်ပွားမှုအသစ်များကြောင့်စီးပွားရေးနှင့်ခရီးသွားလာခြင်းကို ထိန်းချုပ်ရန် အစိုးရများအား ဖိအားပေးမှုကြောင့်ရောင်းလိုအားအပေါ်ထိခိုက်ခဲ့သည်။

နောက်ဆုံးရလာဒ်များအရ နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွားလာခြင်းကို ရှောင်ရှားရန်အတွက် တရုတ်အစိုးရ၏တောင်းဆိုမှုကြောင့် စီးပွားရေးတိုးတက်မှု အရှိန်အဟုန်မရရှိခဲ့ပေ။ အချို့သောသုံးသပ်ဝေဖန်သူများက ပုံမှန်အတိုင်းနှစ်ပတ်ခန့်အ နားယူမည့်အစား ဝန်ထမ်းများက အလုပ်တွင်ဆက်လက်ရှိနေမည်ဆိုပါကထုတ်လုပ်မှုကဏ္ဍအကျိုးကျေးဇူးရှိနိုင်မည်ဟုမျှော်လင့်ခဲ့ကြသည်။

ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ချုပ်ကထုတ်ပြန်သောကြေညာချက်တွင်“ ထုတ်လုပ်မှုကဏ္ဍပြန်လည် ကောင်းမွန်ရန်အရှိန်အဟုန်ကောင်းနေသည်”ဟုစီးပွားရေးပညာရှင် ကျန်လင်းက ပြောကြားခဲ့သည်။

အမှာစာအသစ်များ၏ အညွှန်းကိန်းခွဲတစ်ခုတွင် ဇန်နဝါရီလတွင် ၅၂.၃မှတ်ရှိရာမှ ၅၁.၅မှတ်သို့ ကျဆင်းသွားသည်ဆိုသည့်အချက်ကို အဖွဲ့ချုပ်ကငြင်းဆိုခဲ့သည်။

ပို့ကုန်အမှာစာအသစ်အညွှန်းကိန်းခွဲတစ်ခုတွင်မူ ၅၀.၂မှတ်မှ၄၈.၈မှတ်သို့ ကျဆင်းခဲ့သည်ဟုအဖွဲ့ချုပ်က ပြောကြားသည်။ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ပို့ကုန်အမှာစာအညွှန်းကိန်းမှာ ၃၅.၁ရှိသည်ဟုယင်းအဖွဲ့ကဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly