ဖိလစ်ပိုင်မှာ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံခံဖို့အတွက် တွန့်ဆုတ်လျက် ရှိနေ

 ဖိလစ်ပိုင်မှာ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံခံဖို့အတွက် တွန့်ဆုတ်လျက် ရှိနေ
Photo: EPA

တရုတ်နိုင်ငံ Sinovac ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ခြောက်သိန်းကို ဖိလစ်ပိုင်နိုင်ငံဟာ တနင်္ဂနွေနေ့မှာ လက်ခံရရှိပြီး အဲဒီ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့ကြားမှာပဲ နိုင်ငံတွင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်ကို စတင်ပြီ ဖြစ်ပါတယ်။

CorovaVac လို့ ခေါ်တဲ့ တရုတ်ထုတ် အဲဒီကာကွယ်ဆေးကို ဆေးဝါးစည်းကြပ်ကွပ်ကဲရေး တာဝန်ရှိသူတွေက အရေးပေါ်အသုံးပြုခွင့် ခွင့်ပြုလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလို ဆေးတွေ ရရှိပြီဖြစ်တာကြောင့် တနင်္လာနေ့မှာ အစိုးရတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံး ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် အစိုးရအနေနဲ့က ကာကွယ်ဆေးရရှိရေး လုပ်ငန်းစဉ် နှောင့်နှေးတာကြောင့် ဝေဖန်မှုတွေ ကြုံနေရတာဖြစ်ပြီး အခု တရုတ်နိုင်ငံကနေ စစ်လေတပ်စခန်းဆီ ရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေကို ဖြန့်ဖြူးရေးလုပ်ငန်းစဉ်မှာ သမ္မတ ဒူတာတေးကိုယ်တိုင် ကြီးကြပ်ကွပ်ကဲမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ကုလသမဂ္ဂရဲ့ ကာကွယ်ဆေး သာတူညီမျှ ရရှိရေး အစီအစဉ် Covax အရ AstraZeneca ကာကွယ်ဆေးပေါင်း ၅၂၅၀၀၀ နီးပါးကို တနင်္လာနေ့မှာ ရရှိဖို့ ရှိခဲ့တာ ဖြစ်ပေမယ့် ကမ္ဘာ့ကုန်စည်စီးဆင်းမှု အကျပ်အတည်းကြောင့် အဲဒီ ဆေးတွေဟာ သီတင်းတစ်ပတ် နောက်ကျပြီးမှ ရောက်ရှိလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကိုဒူကေးက နောက်ပိုင်းမှာ ပြောပါတယ်။

နှိုင်းယှဉ်မှုအရ ထိရောက်မှုနည်းပါးခြင်းတွေ ရှိနေတာကြောင့် CoronaVac ကာကွယ်ဆေးကို ဆေးဝါးစည်းကြပ်သူတွေဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ထောက်ခံချက် မပေးကြပါဘူး။

ဖိလစ်ပိုင်အစိုးရရဲ့ အကြံပေးအဖွဲ့တစ်ဖွဲ့ကတော့ အဲဒီ CoronaVac ကာကွယ်ဆေးကို ဆန္ဒရှိသူတွေအနေနဲ့ ထိုးနှံခွင့်ပေးထားပေမယ့် သူနာပြုနဲ့ ဆရာဝန်အများစုဟာ ထိုးနှံခံဖို့ တွန့်ဆုတ်နေကြပြီး အခြား ကာကွယ်ဆေးကို ရတဲ့အထိ စောင့်ကြဖို့ ဆုံးဖြတ်ထားကြပါတယ်။

နိုင်ငံမှာ ကိုဗစ်-၁၉ လူနာတွေကို အဓိက ပြုစုကုသမှုပေးတဲ့ ပင်မအဆောက်အအုံ ဖိလစ်ပိုင်အထွေထွေရောဂါကုဆေးရုံက ဝန်ထမ်း ၁၀ ရာခိုင်နှုန်းလောက်ပဲ တရုတ်လုပ် ကာကွယ်ဆေးကို ထိုးနှံဖို့ ဆန္ဒပေးကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဂျိုနက်စ်ဒဲလ်ရိုဆာရီယိုက အေအက်ဖ်ပီကို ပြောပါတယ်။

အဲဒီအစား Pfizer-BioNTech က ထုတ်လုပ်တဲ့ AstraZeneca ကာကွယ်ဆေးကို ထိုးနှံခံဖို့ စာရင်းပေးထားတဲ့ ၉၄ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် နှုန်းထား အတော်လေး ကွာနေတာဖြစ်တယ်လို့ ကိုယ်တိုင်က CoraonaVac ကာကွယ်ဆေး အထိုးမခံဖို့ ဆုံးဖြတ်ထားသည့် ဆာရီယိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly