အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မ ၅၀၅(ခ) နှင့် ဆက်သွယ်ရေး ဥပဒေ  ပုဒ်မ ၆၇ ဖြင့်  တရားထပ်စွဲ

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မ ၅၀၅(ခ) နှင့် ဆက်သွယ်ရေး ဥပဒေ  ပုဒ်မ ၆၇ ဖြင့်  တရားထပ်စွဲ

နေပြည်တော်၊ မတ် ၁

ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်​အောင်ပြုလုပ်သည်ဟုဆိုကာ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ပုဒ်မ ၅၀၅ (ခ) နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း တရားရုံးအတွင်းသို့ ရောက်ရှိနေသူများထံက သိရသည်။

အမှုကို ၁၅ ရက်နေ့ ကိုထပ်မံချိန်းဆိုထားကြောင်းသိရသည်။

ထို့အပြင် နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်ကိုလည်း ပုဒ်မ ၅၀၅ ( ခ) ဖြင့် ယနေ့တွင် တရားစွဲခဲ့ကြောင်း သိရသည်။

ပွင့်လင်းမြင်သာမှုရှိတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ တရားခွင်တွေကို ဖွင့်ထားပေမယ့် တရားအနီးကို​ ရှေ့နေတွေကို ဝင်ခွင့်မပေးဘဲ အရပ်ဝတ်နဲ့ လူတစ်ယောက်ကို ဝင်ခွင့်ပေးထားတာ တွေ့ရတယ်' လို့ တရားရုံးထဲရောက်နေတဲ့ ရှေ့နေတစ်ဦးက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅နဲ့ တရားစွဲထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နှင့် သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ တို့ဖြင့် တရားစွဲထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါ်တာမျိုးအောင်တို့ကို ဗီဒီယို ကွန်ဖရန်ဆင်းစနစ်ဖြင့် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly