ဂြိုလ်ပတ်လမ်းအတွင်းသို့ ကင်းထောက်အာကာသယာဉ် သုံးစင်အား တရုတ်နိုင်ငံက ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် အောင်မြင်စွာ ထပ်မံလွှတ်တင်ခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
Yaogan-31 အာကာသယာဉ်များကို သယ်ဆောင်ပေးသော တာဝေးပစ် 4C ဒုံးပျံတစ်စင်းသည် ဂိုဘီ သဲကန္တာရအတွင်းရှိ ဂျူကွမ် အာကသယာဉ် လွှတ်တင်ရေးစင်တာမှတစ်ဆင့် အာကာသအတွင်းသို့ အရှေ့တိုင်းစံတော်ချိန် ည ၉း၂၂ တွင် ပျံ့သန်းသွားခဲ့သည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV မှ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ကြိုတင်စီစဉ်ထားသော ကမ္ဘာပတ်လမ်းများသို့ ဝင်ရောက်သွားပြီဖြစ်သည့် အဆိုပါ အာကာသယာဉ်များအား လျှပ်စစ်သံလိုက်လှိုင်း ပတ်ဝင်းကျင်ဆိုင်ရာ စစ်တမ်းများနှင့် အခြားသော ဆက်စပ်နည်းပညာ စမ်းသပ်မှုများအတွက် အသုံးပြုသွားမည်”ဟုလည်း CCTV ၏ သတင်းတိုတစ်ပုဒ်တွင် ဖြည့်စွက်ဖော်ပြထားသည်။
Yaogan မျိုးဆက် အာကာသယာဉ်များသည် ရေဒီယိုလှိုင်း ထုတ်လွှတ်မှုမှတစ်ဆင့် ယာဉ်များကို စောင့်ကြည့်သော အာကာသယာဉ်များနှင့် ဆင်တူနိုင်ဖွယ်ရှိပြီး ၎င်းတို့အား တရုတ်ပြည်သူ့ လွှတ်မြောက်ရေး တပ်မတော်အတွက် စောင့်ကြည့်ခြင်း၊ ထောက်လှမ်းခြင်း သို့မဟုတ် ကင်းထောက်ခြင်းကဲ့သို့သော လုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်သည်ဟု အနောက်တိုင်း ကာကွယ်ရေး လေ့လာသူများက ပြောကြားထားကြောင်း Space News သတင်းဌာနတွင် ဖော်ပြထားသည်။
အဆိုပါ အာကာသယာဉ်များတွင် လျှပ်စစ်သံလိုက် ထုတ်လွှင့်မှုလှိုင်းများ သို့မဟုတ် အပါချာ ရေဒါများအတွင်းရှိ ပစ်မှတ်များကို လေ့လာနိုင်သည့် စွမ်းရည်များ ပါဝင်ဖွယ်ရှိပြီး အမျိုးအမည် မသိသော လျှပ်စစ်သံလိုက် ထုတ်လွှတ်မှုများမှ ရရှိသော နည်းပညာနှင့် ထောက်လှမ်းရေး အချက်အလက်များအတွက် စနစ်များ သယ်ဆောင်နိုင်သည်ဟုလည်း Space News သတင်းဌာနတွင် ဖြည့်စွက်ဖော်ပြထားသည်။ ယခင်လွှတ်တင်ခဲ့သော Yaogan အာကာသယာဉ်များသည် ပင်လယ်ရေမျက်နှာပြင်အထက် မိုင်ပေါင်း ၆၈၀ ရှိ ပတ်လမ်းများတွင် ၆၃ ဒီဂရီ တိမ်းစောင်း၍ လှည့်ပတ်နေပြီး တောင်ပိုင်း ရှက်လန် ကျွန်းစုကဲ့သို့သော ပင်လယ်ရေပြင် ဒေသများကို ဖြတ်သန်းသွားလေ့ရှိသည်။
ယခုအကြိမ်သည် Yaogan မျိုးဆက် အာကာသယာဉ်များအား တရုတ်နိုင်ငံမှ လွှတ်တင်သည့် တတိယအကြိမ်မြောက် ဖြစ်သည်။ ဒုတိယအသုတ်ကို လွှတ်တင်ခဲ့သော အချိန်မှာ လွန်ခဲ့သော သတင်းပတ်အနည်းငယ်အကြာ ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ဖြစ်သည်ဟုလည်း စာချုပ်ချုပ်ဆို လုပ်ကိုင်ပေးနေသည့် တရုတ်အာကာသ သိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းက ထုတ်ဖော်ပြောကြားထားသည်။ ပထမဆုံးအသုတ်အား ၂၀၁၈ ခုနှစ် ဧပြီလအတွင်း အလားတူ ဂြိုလ်ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ပြီး နေရာဒေသတစ်ခုခုတွင် တိုးများလာနေသော ကြယ်စင်စုများအောက်ရှိ ဒေသတစ်ခုခုကို တွေ့မြင်နိုင်သည့် အချိန်ကွာဟချက်အား လျှော့ချပေးနိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။














