အိန္ဒိယနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ တိုက်ရိုက်တယ်လီဖုန်းခေါ်ဆိုနိုင်ရန် စီစဉ်

By Mint
01 March 2021
အိန္ဒိယနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ တိုက်ရိုက်တယ်လီဖုန်းခေါ်ဆိုနိုင်ရန် စီစဉ်
Photo: EPA

အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံ ဆွေးနွေးပွဲ ကြေညာချက်အရ နှစ်နိုင်ငံအကြား တိုက်ရိုက်ဖုန်းလိုင်းများတပ်ဆင်ရန်ရှိကြောင်းသိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ 'အချိန်မီဆက်သွယ်နိုင်ရန်နှင့် အမြင်များဖလှယ်နိုင်ရန်' ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်မဖြစ်သေးသော်ငြားလည်း နိုင်ငံခြားရေးဝန်ကြီးများအချင်းချင်း ဖုန်းခေါ်ဆိုမှုပြုလုပ်ကာ အရေးပေါ်တယ်လီဖုန်းလိုင်းတစ်ခု တည်ဆောက်ရန် သဘောတူခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ နှစ်ဦးသည် နှစ်ဖက်စစ်တပ်များ ဆယ်လခန့် ထိပ်တိုက်တွေ့ဆုံရာနေရာ Ladakh တွင် ဆက်လက်မတိုက်တော့ဘဲ ဆုတ်ခွာသည့် အခြေအနေကို အကဲဖြတ်ဆွေးနွေးခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ကြာသပတေးနေ့က ဖုန်းခေါ်ဆိုခဲ့ပြီး ၇၅ မိနစ်ကြာမြင့်ခဲ့သည်။ အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံစလုံး (ထုတ်ပြန်ကြေငြာချက်အကျဉ်းချုပ်အရ) တိုက်ရိုက်အရေးပေါ်တယ်လီဖုန်းလိုင်းများ တပ်ဆင်ရန် ဖြစ်သည်။ ယင်းဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ 'အချိန်မီဆက်သွယ်ရန်နှင့် အမြင်များဖလှယ်ရန်' ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

Jaishankar နှင့် Wang တို့က Pangong Tso ရေကန်၏ မြောက်ဘက်နှင့် တောင်ဘက်ခြမ်းမှ တပ်များအား ပြန်လည်ရုပ်သိမ်းခြင်းကို အသိအမှတ်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly