အာရှနွယ်ဖွားတွေအပေါ် အမုန်းပွားတိုက်ခိုက်နေတာကို ဆန့်ကျင်ပြီး နယူးယောက်မှာ စုရုံးဆန္ဒပြ

အာရှနွယ်ဖွားတွေအပေါ် အမုန်းပွားတိုက်ခိုက်နေတာကို ဆန့်ကျင်ပြီး နယူးယောက်မှာ စုရုံးဆန္ဒပြ

အမေရိကန်နိုင်ငံမှာ အာရှနွယ်ဖွားတွေကို အမုန်းပွားပြီး တိုက်ခိုက်နေတာတွေအတွက် နယူးယောက်က ဖိုလေးရင်ပြင်မှာ လူထုများစွာဟာ စုရုံးပြီး ဆန္ဒပြကြပါတယ်။  

မြေအောက်ဘူတာမှာ မျက်နှာကို ဓားနဲ့ လှီးခံရတဲ့ ဖိလစ်ပိုင်-အမေရိကန်တစ်ဦးဖြစ်တဲ့ နိုအယ်ကင်တားနားက “နောက်ဘူတာမှာ ရထားရပ်တော့ သူက ရထားပေါ်က မဆင်းခင် ကျွန်တော်ဆီ ရောက်လာပြီး မျက်နှာကို ဓားနဲ့ လှီးသွားခဲ့ပါတယ်”ဆိုပြီး သူ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပါတယ်။ 

နယူးယောက်မြို့မှာ မကြာသေးခင်က အာရှနွယ်ဖွားတွေကို အခုလို အမုန်းတရားနဲ့ တိုက်ခိုက်နေကြတာမှာ ခံရသူတစ်ဦး ကိုမာဖြစ်ခဲ့တဲ့နောက်မှာတော့ ခုလို စုရုံးဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။ မန်ဟန်တန်က တရုတ်တန်းမှာ လမ်းလျှောက်နေတဲ့ အာရှနွယ်ဖွားတစ်ဦးကိုလည်း နောက်ကျောကို ဓားနဲ့ ထိုးမှု ဖြစ်ခဲ့ပါတယ်။ 

အခု စုရုံးဆန္ဒဖော်ထုတ်ရာမှာ လွှတ်တော်အမတ် ချော့ရှုးမား၊ မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုနဲ့ နယူးနောက် ရှေ့နေချုပ် လက်တီတီယာဂျိမ်းတို့လည်း ပါဝင်ပြီး မိန့်ခွန်း ပြောခဲ့ပါတယ်။ 

“ကျွန်တော်တို့ရဲ့ တိုက်ပွဲကို အရှိန်နှစ်ဆမြှင့်ရမယ်၊ ကျွန်တော်တို့ ခိုင်မာပြတ်သားစွာ ရပ်တည်ကြရမယ်၊ ကျွန်တော်တို့ တစ်စည်းတစ်လုံးတည်း ရှိနေရမယ်၊ နယူးယောက်ဟာ မတူကွဲပြားမှုတွေနဲ့ မြို့တော်ပဲ၊ နောက်ခံ အမျိုးမျိုး၊ လူမျိုးအသီးသီးနဲ့ အရောင်စုံ၊ ရင်းမြစ်စုံနဲ့ ခိုင်မာအားကောင်းတဲ့ မြို့ပဲ”လို့ မြို့တော်ဝန် ချော့ရှုးမားက ပြောပါတယ်။ 

မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက “အာရှနွယ်ဖွား အမေရိကန်အသိုင်းအဝိုင်းကို အမုန်းတရားနဲ့ ကျူးလွန်တဲ့ ဘယ်သူမဆို ဖော်ထုတ်ခံရမယ်၊ ဖမ်းဆီးခံရပြီး အပြစ်ပေးအရေးယူခံရပါတယ်၊ ဒါဟာ ကျွန်တော်တို့ လုပ်ဖို့ လိုပါတယ်၊ ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန်ပဲဆိုတာ ပြည်သူတွေကို ပြသရမယ်၊ အသိုင်းအဝိုင်းတစ်ခုလုံး ညီညွတ်ရေးအတွက် ကျွန်တော်တို့ ပညာပေးတာတွေ လုပ်ဆောင်ရမယ်”ဆိုပြီး ပြောပါတယ်။ 

“ကျွန်မတို့တွေ အားလုံး လမ်းတွေပေါ်မှာ စုရုံးပြီး အမုန်းတရားပွားနေသူတွေကို ဆန့်ကျင်တဲ့ အသံတွေကို ဖော်ထုတ်ကြရမယ်၊ ကျွန်မတို့ဟာ ခွဲထုတ်လို့ မရဘူး၊ ဒါဟာ ကျွန်မတို့ နိုင်ငံပဲ၊ ရွှေ့ပြောင်းဝင်ရောက်သူတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံပဲ”လို့ နယူးယောက် ရှေ့နေချုပ် လက်တီတီယာဂျိမ်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly